အချိန်ကြာလာတာနှင့်အမျှ ရှောင်ရိပေါ် လေးက ရှောင်ကျန့် အပေါ်ပိုပြီး ခင်တွယ်လာတယ်..။
အချိန်တိုင်း ရှောင်ကျန့် အနားမှာ ပဲရှိနေချင်တယ်..။
စာမေးပွဲ ဖြေပြီး ကျောင်း၂လပိတ်ထားတဲ့ အချိန်အတော အတွင်းမှာ ရှောင်ကျန့် လဲ သူကိုပဲ အဖော်ပြုပေးခဲ့တယ်...။
'' သား ရေ မနက်ဖန်ဆို ကျောင်းစတက်ရတော့မှာနော်
ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်း တွေအကုန် မားမား ဝယ်ခဲ့တယ်..''
''ဟု မားမား..''
'' ကိုကို ကဘယ်သွားမှာလဲ သားလဲလိုက်မယ်..''
'' ရှောင်ရိလေးက အခုမှ ၅နှစ်ပဲ ရှိသေးတယ် နောက်နှစ် မှ ကိုကိုနဲ့အတူ ကျောင်းတက်ရမှာနော်
အခုတော့ ကျောင်းသွားလို့မရသေးဘူး..''
သူလိုက်လို့ မရဘူးဆိုတာ သိတော့ ချက်ချင်း မျက်နှာလေးဆူပုတ်သွားရော..
'' နခမ်းကြီး ဆူနေတာ လှလဲမလှဘူး.. 😛😛 ''
'' သားရှောင်လေး သာငယ်ကို မစပါနဲ့.. မားဝယ်လာတဲ့ ပစ္စည်း တွေအခန်းထဲ သွားသိမ်းချည်တော့.
မားမား ရှောင်ရိလေးကို ချော့လိုက်အုံးမယ်..''
ရှောင်ရိပေါ် လေးက လိမ္မာ ပါတယ်..။
ဒါပေမဲ့ ခေါင်းမာတယ် သူလုပ်ချင်တာ ဖြစ်ချင်တာ ရှိရင် အလွယ်တကူ လက်မလျော့တက်ဘူး....
ရှောင်ကျန့် ကျောင်းသွား တက်ကတည်းက အစားလဲ ကောင်းကောင်း မစားဘူး..
ရှောင်ကျန့် အခန်းထဲမှာပဲ အရုပ်တွေနဲ့ဆော့နေတာ..
ကိုကို ဘယ်ချိန်ပြန်လာမှာလဲ လို့ပဲ အတွင်တွင်မေးနေတာ..
'' သား လက်ထဲမှာ လဲ ပစ္စည်း တွေအပြည့်ပါလား ရှောင်ရိလေး အတွက် ဝယ်လာတာလား''
''ဟုတယ်မား ဦးလေးချန်နဲ့ ဝင်ဝယ်လာကြတာ.. ''
'' သား အဆောင်နေရတာ အဆင်ပြေတယ်မလား ဒီနှစ်မှစပြီး အဆောင်ပြောင်းရတာဆိုတော့လေ..''
''ပြေပါတယ် မားရဲ့''
'' ပြေတယ်ဆိုလဲ ပြီးတာပါပဲ သားအခန်းထဲမှာ ရှောင်ရိလေးဆောင့်နေတယ် သွားလိုက်ဦး..''
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။