part 29

264 11 0
                                    












''Happy Birthday to you...

Happy Birthday to you...

Happy Birthday မားမား...

မားမား မွေးနေ့မှ စပြီး သက်တော်ရာကျော် နေနိုင်ပါစေ ချစ်ဆုံးသားလေးကို တစ်သက်လုံး ဆောင့်ရှောက်နိုင်ပြီး အများကြီး ချစ်နိုင်ပါစေ..''


'' မားမား ကိုမွေးနေ့ suprise လုပ်တယ်ပေါ့ ကျေးဇူးတင်ပါတယ် သားရယ်..''

'' မား ဖယောင်းတိုင် မှုတ်လိုက်အုံး.''

ဖယောင်းတိုင်မှုတ်လိုက်ပြီး မိခင်တိုင်းတဲ့ ဝမ်းသာပီတိ အပြုံကို ဆင်မြန်းထားသော မာတာမိခင်

'' လာပါအုံး သားကို ဖက်ချင်လို့..''

သားအမိနှစ်ယောက် ပွေ့ဖက်နေတာကို အိမ်ပေါက်မှာ ရပ်နေတဲ့ ကောင်လေးက မျက်ရည်အဝိုင်းသားလေးနဲ့ ကြည့်နေမိတယ်..။

'' ဟာ.. ရှောင်ကျန့် လာလေ မင်းဘယ်ကတည်းကရောက်နေတာလဲ''

'' မင်း birthday song ဆိုကတည်းက ရောက်နေတာ..''

'' ရောက်နေတာပဲ သားရယ် ဝင်ခဲ့တာမဟုတ်ဘူး.''

'' ရပါတယ် ကျွန်တော်ကြောင့်အနှေင့်အယှက် ဖြစ်မှာဆိုးလို့..

အန်တီမွေးနေ့မှန်း မသိလို့ လက်ဆောင်မဝယ်ခဲ့ရဘူး ''

''မလိုပါဘူး သားရယ်
အဲ့တာဆို သူငယ်ချင်းတွေ စကားအေးဆေးပြောကြအုံး..

မား သားတို့အတွက် တစ်ခုခုသွားလုပ်ပေးမယ်..

သား ရှောင်ကျန့် ကို မွေးနေ့ကိတ်လေး ကျွေးလိုက်အုံး..''

'' ဟုတ် မား..''

ယွီပင်းတို့ သားအမိနှစ်ယောက် ကိုမြင်ရတာ အရမ်းကြည်နူးစရာကောင်းတာပဲ....

မိခင်မေတ္တာ ဆိုတာ ဘယ်လိုမျိုးလဲ ငါရဲ့ ငယ်ဘဝ မှတ်ညဏ်တွေထဲမှာရော မားမားက ဘယ်လိုလူမျိုးလဲ

ငါကိုရော ဘယ်လောက်ချစ်လိုက်မလဲ အခုချိန်မားရှိ​ေနရင် မောင်ကိုရော သားအရင်းတစ်ယောက်လို ချစ်ပေးမှာလား..

'' ရှောင်ကျန့်... ရှောင်ကျန့်.. ''

''ဟင်...မင်းဘာပြောလိုက်တာလဲ ''

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now