ကိုကို သတိမေ့နေတာ ဒီနေ့ နဲ့ဆို ၁လပြည့်ခဲ့ပြီ..
အမှန်တရား တွေသိရပြီး နောက်ပိုင်း ကိုကို ကိုယ် သနားမိတယ်..။
ကိုကိုရယ် ကျွန်တော် ရယ် ပါးပါးရယ် လူ သုံးယောက်သာ ရှိတဲ့ မိသားစု လေးကို ဘယ်လို ကံကြမ္မာ တွေ ဖန်လာအုံးမလဲ ဆိုတာ ကြိုမသိနိုင်...
ငယ်ငယ်က ကိုကို အနားမှာ နေချင်တဲ့စိတ်..
ကိုကို နဲ့ အတူရှိနေရတာ ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်....
ကိုကို ဖန်တီးတဲ့ အရာမှန်သမျှကို ကြိုက်ခဲ့တဲ့ ကျွန်တော်..
ဒါတွေက ကလေး တစ်ယောက်ရဲ့အတိတ်က ဖြစ်ရပ်ဆိုပေမဲ့ လက်ရှိအချိန်ထိ အဲ့ဒီ စိတ်တွေဟာ ပြောင်းလဲမှု့ မရှိသေးဘူး ဆိုရင်..
ဒီလို စိတ်ခံချက်တွေကို ဘယ်လို ခေါင်းစဥ် ပြောင်းလဲရမလဲ..
အချစ်ဟူသော ခေါင်းစဥ် အောက်မှာ ပြောင်းလဲ ခေါ်တွင်ရမယ်လား....
အချစ်ဆိုတာ နှလုံးသားထဲက မွေးဖွား လာသည် ဟု ဆိုလျှင် ..
ရင်ခုန်ချင်း ဆိုတဲ့ သံဇဥ်လေးက ကပ်လျက် ပါပြီသား...
ကျွန်တော် ရင်ခုန်ချင်းဟူသော
သံဇဥ်ကို ကြားခဲ့ဖူးပါသည်...အမှတ်မထင် ကိုကို နဖူးကို နမ်းမိစဥ်က.....
ဤအချင်းအရာတွေက အချစ်ကို အစပြုစေခဲ့သည်ဟု ဆိုလျှင်...
ကျွန်တော် ကိုကို ကိုယ် ချစ်သည်။
ရှောင်ပါး လွှဲပြောင်းပေးခဲ့သော ကုမ္ပဏီ နဲ့ အလုပ်တာဝန်များလဲ မပျက်ကွက်စေပဲ..
ရှောင်ကျန့် အားပြုစုလျက် အချိန်ကုန်စေခဲ့ရာ ၃လ ကျော်ခဲ့လေသည်...။
၃လ အတွင်း အိမ်ဆိုတာ ဘယ်ဆီနေမှန်း မသိ အလုပ်နှင့် ဆေးရုံမှာသာ
အချိန်ကုန်ဆုံးခဲ့တယ်...။
ရိပေါ်က ရှောင်ကျန့် ကို မရိုးနိုင်သော စကားတွေနဲ့ ဖောင်ဖွဲ့ရင်း အဖော်ပြုပေး နေပေမဲ့ပေါ့...
'' ကျွန်တော်လေ ငယ်ငယ်တုံးကလို
ကိုကို ပန်ချီဆွဲတာကို ငေးကြည့်နေချင်သေးတယ်..။
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။