ရှောင်ကျန့် မြို့ပြင်ထိ ကားမောင်းလာခဲ့တာ..
တိတ်ဆိတ် အေးချမ်းပြီး ရှု့ခင်းလှတဲ့ ကားလမ်းဘေးတစ်နေရာမှာ ကားရပ်လိုက်ပြီး...
ပန်းချီ စဆွဲဖို့ပြင်လိုက်တယ်..။
အနုပညာတွေ ထဲမှာ ပန်းချီဆိုတဲ့ပညာရပ်က လူရဲ့ စိတ်ကို အေးချမ်းဆုံးနဲ့ တည်ငြိမ်ဆုံးပဲ..။
ရှောင်ကျန့် အကြမ်းဖျင်းရေးဆွဲ ပြီးချိန်မှာတော့ စိတ်လက်ပေါ့ပျာပြီး ကြည်လင်လာတယ်..။
ကိုကိုက ပန်းချီဆွဲဖို့ ထွက်သွားတာဆိုတော့ သေချာတယ် အေးဆေးပြီး ရှု့ခင်းလှတဲ့ နေရာပဲသွားမှာ...
ပန်ခြံလိုနေရာမျိူးလဲ ကိုကိုသွားမှာ မဟုတ်ဘူး..
ရှောင်ကျန့် ကို ဘယ်နေရာသွားရှာရမလဲ ရိပေါျတဈကယျမသိတော့ဘူး..။
....
''ဟယ်လို ဦးလေး ချန် ''
'' ရှောင်ရိရေ မင်းကိုကို ကလေ မြို့ပြင်က High way လမ်းမှာပေါ်မှာ ကားပျက်နေလို့တဲ့..''
'' ဟုကဲ့.. ဟုကဲ့ ဦးလေးချန် ကျွန်တော်အခုပဲသွားလိုက်မယ် ''
ငါထင်တဲ့အတိုင်ပဲ ကိုကို အခုတော့ ဒုက္ခ ရောက်နေပြီ စိတ်ပူလိုက်ရတာ ကိုကိုရယ်..
ရိပေါ် သွားနေတဲ့ လမ်းမှပေါ်ကနေ ချက်ချင်းပြန်ကွေ့ပြီး မြို့ပြင်ဘက်ကိုသာ အမြန်နှုန်းနဲ့ မောင်လာ လိုက်တယ်...။
ရိပေါ်လဲ ရှောင်ကျန့် ဆီရောက်သွားရော...
'' မင်းကဘာလို့ရောက်လာရတာလဲ ငါက အိမ်တော်ထိမ်းကိုပဲ ဖုန်းဆက်ပြီး လူတစ်ယောက် အခေါ်လွှတ်ခိုင်းတာလေ..''
'' ကားပျက်မယ်ဆိုတာသိလို့ ကိုကို ကိုယ်လိုက်ရှာနေတာပါ
ဦးလေးချန်က ကျွန်တော် ကိုကိုနောက်လိုက်သွားမှန်းသိလို့
ကိုကို ရှိမဲ့နေရာကို ဖုန်းဆက်ပြီး လှမ်းပြောတာပါ...''
'' ဖုန်းဆက်မိတဲ့ ငါကပဲ မှားတာ ပါ..''
ကားကလဲ စီးလာတော့အကောင်း ပြန်ပါမယ် ဆိုမှ ကားစက်နိုးကြည့်တော့ မရတော့ဘူး...
JE LEEST
ကိုကိုအမုန်းမှ လွန်၍
Fanfictieနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။