part 22

246 11 0
                                    








ကိုကို ကစိတ်ဆိုးနေလို့ပဲ ကျွန်တော်ကို စကား မပြောတာလား..

ဒါမဟုတ် ရမ္မက်ဆန်သော အနမ်းတို့ကြောင့် ရှက်နေ၍လားတော့မသိ။

ကိုကိုရဲ့ နှလုံးခုန်သံ နှင့်အသက်ရှူသံနွေးနွေးကို ထိကပ်နေသော အနေအထားမို့ အတိုင်းသားကြားသိနိုင်သည်။

ရင်ခုန်သံတွေ အရမ်းမြန်နေတဲ့ ကျွန်တော် နှလုံးသားလေးကို ဘယ်လိုမှ မတားဆီးနိုင်တော့ဘူး..။

ကိုကိုကတော့ မသိကျိုးကျွန်ပြုလျက်ပဲ...

ရိပေါ်က ရှောင်ကျန့် လက်လေးကို သူရဲ့နှလုံးသား တည့်တည့် နေရာကို တင်ပေးလိုက်တယ်..။

ကျွန်တော် ရင်ခုန်နှုန်းကြောင့် မျက်ရည်တွေ စိုစွတ်နေတဲ့ မျက်လုံးအဝိုင်းသားလေးနဲ့ မော့ကြည့်လာတယ်။

'' မင်းရဲ့ ရင်ခုန်နှုန်းက ပုံမှန်မှ ဟုတ်ရဲ့လား အရမ်းမြန်နေတယ်လေ...''

'' ကိုကိုကြောင့်ဖြစ်ပေါ်လာသော ရင်ခုန်သံဟာ တစ်ကြိမ်မကသော ကြိမ်နှုန်းနဲ့ ဒါဟာ ပုံမှန်ပါပဲ..

ဒါတောင် ကိုကိုက ကျွန်တော်ကို ဖောက်ပြန်ပါတယ်ဆိုပြီး အထင်လွှဲနေသေးတယ်နော်..

ကိုကိုပဲ ကြည့်လေ ကျွန်တော်အခန်းထဲမှာ မိန်းကလေးနဲ့ပတ်သတ် တာ ဘာမှမရှိဘူး..

ပြီးတော့ ဒီတိုက်ခန်းတင်မဟုတ်ဘူး  ကျွန်တော် အိပ်ခန်းထဲထိ ပါ ခွင့်ပြုချက်မလိုပဲ ဝင်ထွက်နိုင်တဲ့ ကိုကိုက တစ်ဦးတည်းသော လူသားလေးပါဗျာ..''

ဒီလောက်ထိ ချော့နေတာတောင် ကိုကိုက မျက်စောင်းလေးထိုးချင်တုံး အဲ့လောက်ထိ ချစ်ဖို့ကောင်းနေတဲ့ ကိုကိုကြောင် ကျွန်တော်မှာ မရူးခံနိုင်ရိုးလား...

မိုးရေတွေ စိုနစ်နေတဲ့ ခန္တာကိုယ် လေးကို ပွေးချီ လိုက်တော့ ကျွန်တော် ပခုံးကို ဖက်တွယ်လာတဲ့ ကိုကို လက်ကလေးတွေ..

'' ဒါက ဘယ်ကို ချီသွားအုံးမလို့လဲ''

'' အိပ်ခန်းထဲက ရေချိုးခန်းထိ ခေါ်သွား မလို့လေ မိုးမိထားတာ ရေချိုးလိုက်မှ မဖျားမှာပေါ့..''

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now