part 6

325 17 1
                                    

ရိပေါ် တစ်ညလုံးနဲ့ မိုးလင်းတဲ့ အထိ ဒူးထောက်နေရတုံး ဆိုတော့ လူက မဟန်တော့ဘူး..။

ခွေလဲ ချင်တဲ့ အထိ နာကျင် ကိုက်ခဲနေပြီ...

ငါလဲကျ သွားလို့မဖြစ်ဘူး ငါသည်းခံ ထားရမယ်..။

ဒီထက်ပိုပြီး ကိုကို ပေးတဲ့အပဈကို ခံယူသင့်တာပါ မင်းပျော့ညံလို့မရဘူး ရိပေါ်..

ကိုကို ဘဝတစ်ခုလုံးကို ပျိုလဲအောင်လုပ်ခဲ့တဲ့သူပဲ..

ကိုယ်ကို တိုင်ပဲ အားတင်းရင်း လက်သီးကို ကျစ်နေအောင် ဆုတ်ထားမိတယ်..။

'' ရှောင်ရိ သခင်လေးက အပစ်ပေးတာ ရပ်ပေးလိုက်ပြီ..''

'' အော် ဟုဟု''

''ဖြေးဖြေး ဦးလေးချန် ကူတွဲပေးမယ်..''

အိမ်တော်ထိမ်း လဲ ရှောင်ကျန့် အမိန့််ရတာနဲ့ ရိပေါ်ကို ချက်ချင်းလာခေါ်ပြီး အခန်းထဲထိ လိုက်ပို့လိုက်တယ်...။

'' ဦးလေး ပြီးရင် မနက်စာ လာပို့ပေးမယ်နော်..

အခုတော့ ဒူးကို ဆေးတစ်ခါတည်း လိမ်းပေးခဲ့မယ်..''

'' ဦးလေးချန် ကိုအလုပ်ရှုတ်စေမိပြီ''

'' ရပါတယ်ကွာ မင်းတို့နှစ်ယောက်လုံးကို ငယ်ငယ်ကတည်းက ထိမ်းကျောင်းလာတာ ဦးလေးက မင်းတို့ကိုမှ မဆောင့်ရှောက် ရင် ဘယ်သူကို သွားဆောင့်ရှောက်ရမှာလဲ..''

'' ဦးလေးချန် ဒီကိစ္စ ပါးပါးကို ပြန်လာရင် မပြောပါနဲ့နော်...''

'' အေးပါ ဦးလေးချန် မပြောဘူးနော် စိတ်မပူနဲ့

ဦးလေးစိတ်ပူတာက ပွဲနေ့မမှီ မင်းခြေထောက် ပြန်ကောင်းပါ့မလား..''

ဟုတ်ပါရဲ့ တစ်ပါတ်ခါ ဆို ဧည့်ခံပွဲနေ့ရောက်တော့မယ်..

ရိပေါ် နာနေတဲ့ကြားကနေ ပြုံးပြလိုက်ပြီး..

'' ကျွန်တော် ယောက်ျားပါဗျ ခံနိုင်ရည် ရှိပါတယ်..''

မင်းအကြောင်းကို လဲ ကောင်းကောင်း သိသလို..

သခင်လေး စိတ်ကို လဲ ဦးလေး နားလည်တယ်..။

ပါးစပ်ကသာ ထုတ်မပြောပဲ ဟန်ဆောင်နေတာ မင်းကိုတော့ နည်းနည်း စိတ်ပူနေတာကိုပေါ့..

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now