part 8

288 16 1
                                    













ရှောင်မိသားစုရဲ့ ဖိတ်ကြားချင်းခံရတဲ့ ဧည့်သည်တွေက ရှောင်အိမ်တော်ထဲ ရောက်ရှိ နေကြပြီ။

လူအကန့်အသတ်နဲ့ ဖိတ်ကြားထားချင်းကြောင့် ဂုဏ်သရေရှိ လူကြီးမင်းများနှင့် လုပ်ငန်းရှင်ကြီးများသာတက်ရောက် လာကြတယ်။

'' ဒီနေ့ ညစာစားပွဲကိုတက်ရောက်လာတဲ့ ဧည့်သည်တော်များကို ကျွန်တော်ဒီနေရာကနေ စကားနည်းနည်း ပြောချင်ပါတယ်။

ကျွန်တော်မှာ သားနှစ်ယောက် ရှိတယ်ဆိုတာ မိတ်ဆွေအတော်များများ သိကြပါတယ်။

အခု ကျွန်တော်ညာဘက်က ရပ်နေတာက သားကြီး ရှောင်ကျန့် ဖြစ်ပါတယ် ။

အရင်လပိုင်းကမှ နိုင်ငံခြားကပြန်လာတာဖြစ်ပြီး မကြာခင်မှာ ရှောင်လုပ်ငန်းစုကို ဦးဆောင်မှာဖြစ်ပါတယ်။

ကျွန်တော်ညာဘက်ကတော့ သားငယ် ရှောင်ရိပေါ်ဖြစ်ပါတယ်။

အခုသားငယ်လေးက ရှောင်လုပ်ငန်းစုမှာပါ ပါဝင်လုပ်ကိုင်နေပြီဖြစ်တာကြောင့် လုပ်ငန်းရှင်တွေနဲ့ ရင်နှီးပြီးသားလဲ ဖြစ်ပါတယ်။

သားငယ်ကို ရှောင်လုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ unique ကုမ္ပဏီကို အပြီးတိုင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်တွေကို အသိပေးချင်လို့ ပါ..."

''ပါးပါး လက်ထပ်တုံးကထက် ကုမ္ပဏီကို အောင်မြင်အောင်ကြိုးစားဆောင်ရွက်သွားမှာပါ

ကျွန်တော် နှင့် အတူရှေ့ဆက်လုပ်ငန်းတွေအများကြီး လုပ်ကိုင်သွားဖို့ မျှော်လင့်မိပါတယ်..''

ဧည်သည်တွေက လက်ခုတ်သံနဲ့အတူ ကောင်ချီးပေးကြတယ်။

ရှောင်ပါးလဲ သူရင်ထဲက ဆန္ဒတစ်ချို့တစ်ဝက် ပြည့်ခဲ့ပြီဆိုတော့ ဒီညအတွက် သူလဲပျော်နိုင်ပြီလေ။

''ရှောင်လူကြီးမင်းရဲ့ သားနှစ်ယောက် လုံးက ရုပ်ရည် ဥစ္စာ ပညာအရည်အချင်းကစ ဘာမှ ပြောစရာမလိုအောင် ပြည်စုံနေမှတော့

သမီးရှင်တွေက မျက်စိကျနေပြီလေ''

'' သားနှစ်ယောက် လုံးရဲ့နှောင်ရေးကို အားလုံးစီစဥ်ပြီးသားဆိုတော့ သမီးရှင်တွေကိုတော့ အားနာမိပါတယ်ဗျာ.''

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now