part 31

324 9 0
                                    












'' ကိုကို... ကိုကို... ကိုကိုအရမ်းရက်ဆက်တယ်ဗျာ..

ကျွန်တော် ချစ်တာ သိသိကြီးနဲ့ ဥပစ်ခါ ပြုရက်တယ်..''

'' ရိပေါ် မင်းအရမ်းမူးနေပြီ.. တိုးတိုးသက်သာ လုပ်ပါကွာ..''

'' အကိုကျန်းချန် သိရဲ့လား ကျွန်တော် သူ့အပေါ်ကို ငယ်ငယ်လေး ကတည်းက ချစ်ခဲ့ရတာ..''

'' အေးပါကွာ...သိပါတယ်..''

အိမ်ပေါက်ရောက်မှ အိမ်တော်ထိမ်းလဲ ရောက်လာပြီး..

ရိပေါ်ကို ကူတွဲပေးတယ်။

'' ဦးလေးချန် ရတယ် ကျွန်တော် မမူးသေးဘူး..

အွန့်.. ကိုကိုရော အင့်... ''

မမူးသေးဘူးသာ ပြောနေတာ ကျွတ်တစ်ထိုးထိုး ခြေလှမ်းကမမှန်တော့ဘူး..

'' သခင်လေးလဲ ခေါင်းမူးတယ်ဆိုပြီး ညနေကတည်းက အခန်းထဲမှာပဲ..

ညစာအတွက် ကြက်သားစွတ်ပြုတ်လုပ်ပေးတော့လဲ တစ်စွန်းနှစ်စွန်းပဲ သောက်တယ် ညှီတယ်ဆိုပြီး မသောက်တော့ဘူး..''

'' ဦးလေးချန် ဒါဆို ကျွန်တော်ရိပေါ် ထားခဲ့ပြီးနော်..''

'' အေးအေး ထားခဲ့ ဦးလေးချန် ကူတွဲပေးလိုက်မယ်..''

'' ရတယ် ကျွန်တော်ဘာသာသွားမယ် ကူမတွဲလဲ လျောက်နိုင်တယ်''

ရိပေါ်လဲ တောင်တစ်လှမ်းမြောက်တစ်လှမ်းနဲ့ ရောက်သွားတာက သူချစ်သော လူသားလေးအခန်းရှေ့..

'' ဒေါက်... ဒေါက်... ကိုကို.. ကိုကို တံခါးဖွင့်ပါအုံး...

ဟောဒီက ..အွန့် အင့်.. လူလိမ်ကောင် လူယုတ်မာကြီးကို တံခါးလာဖွင့်ပေးပါအုံး..''

ရှောင်ကျန့် သူတစ်ကယ်နေမကောင်းလို့ မေးခနဲ အိပ်ပျော်သွားတာ ရိပေါ် တံခါးခေါက်ပြီး မူးမူးရူးရူး အော်နေတော့မှ..

သူနိုးလာခဲ့တာ..

ဒီချိန်မှာတော့ ရှောင်ကျန့် တစ်ကယ်ပဲ ရန်မဖြစ်နိုင်တော့ဘူး..

သူ့ခန္တာကိုယ်ကလဲယောက်ျားလေး တစ်ယောက်ဖြစ်ပါလျက် အလိုလို အားအင်တွေ ယုတ်လျော့နေသလို..

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now