ရှောင်ကျန့်ကို အတိတ်ကအကြောင်းတွေ ပြန်ပြောရင်း အချိန်ဟာ ၁နာရီလောက် ကုန်ဆုံးသွားခဲ့လေသည်..။
နေဝင်ချိန်လဲ ရောက်နေပြီမို့ အအေးဓာတ်လေးက အစပျိုးခဲ့လေသည်။
'' ကိုကို အေးနေမှာပဲနော် ကျွန်တော်အပေါ်ဝတ်လေးကို ခြုံထားလိုက်''
ဒီကောင်လေးက အခုလိုပဲ ကျွန်တော်အပေါ် အမြဲနွေးထွေးတက်သည်လား..။
'' ကျွန်တော် အခန်းထဲ ပြန်ပို့ပေးမယ်နော် လေစိမ်းတွေ မိနေအုံးမယ်''
'' ရိပေါ်..''
'' ငါမင်းကို အဲ့လိုပဲ ခေါ်မယ်နော် ရတယ်မလား..''
'' ကိုကို အဆင်ပြေသလို ခေါ်ပါ ''
'' ငါလမ်းလျောက်ကြည့်ချင်တယ် လူနာတစ်ယောက်လို မနေချင်တော့ဘူး မြန်မြန်သက်သာမှ ဆေးရုံက ဆင်းရမှာမလား..''
'' ဒါပေမဲ့ ဖြစ်ပါ့မလား ကိုကိုရယ်''
'' ငါလဲကျသွားရင်တောင် မင်းရှိနေတာပဲ ငါကဘာကို မဖြစ်ရမှာလဲ ''
ကိုကိုက ငါကို အားကိုသည်တဲ့လား.
ကျွန်တော်လက်ကို တွဲပြီး ကိုကို ကိုယ်ထစေလိုက်တယ်..။
'' အ့... ''
'' ကိုကို ရရဲ့လား..''
ရှောင်ကျန့် ပခုံးလေးကို အသာထိန်းကိုင်လိုက်ပြီး လက်လေးကိုလဲ ပိုပြီး တင်းကျပ်အောင် ဆုပ်ကိုင်လိုက်တယ်..။
လေးငါး လှမ်းလောက်လျောက်နိုင်တော့ ရှောင်ကျန့် ကျေနပ်မိတယ်။
သူလမ်းပြန်လျောက်နိုင်နေပြီ..
သူမေ့နေတာက ရိပေါ် ရှိနေ၍သာ လျောက်နိုင်နေသည်ကိုပင်..
'' ကိုကို...''
ရှောင်ကျန့် မော့ကြည့်လိုက်တော့ ရိပေါ်နဲ့ မျက်လုံးချင်ဆုံမိလေတယ်..။
တစ်ကယ်ပါလေ..
ပြောစရာတွေ ပြောက်ရှ ကုန်တယ်..။နှစ်ယောက်လုံး မျက်တောင်တစ်ချက်မခတ် အကြည့်မလွှဲပဲနဲ့...
ကိုကို နဲ့မျက်လုံးချင်းဆုံတဲ့ အခိုက်တန့်လေးမှာ ကျွန်တော်ရဲ့ ရင်ခုန်သံကြိမ်နှုန်းတွေက ထိမ်းမရလေအောင်ပါပဲ...
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။