ဒေါက်... ဒေါက်..
'' ဝင်ခဲ့ပါ..''
စာရင်း လုပ်နေရင်း တံခါးခေါက်သံကြားတာနဲ့ ဝင်ခွင့်ပြုလိုက်ပြီး မော့မကြည့်အား..
'' လူပျိုဘဝ တုံးကထက်တောင် အလုပ်ကြိုးစား နေပါမလား..''
ခပ်ထေ့ထေ့ ရီသံစွက်စွာ ပြောလိုက်တယ် ဆိုပေမဲ့ သူရင်းနှီးပြီးသား အသံတစ်ခုပါလေ..
'' ဟာ.. လီအာ နင်ဘယ်တုံးက ''
ရိပေါ် စကားကို ဆုံးအောင်မပြောစေပဲ..
'' နင်ငါကို အခုမြင်တာပဲ အခုပြန်ရောက်တာပဲပေါ့..''
လူတစ်ယောက်ကို ချစ်ဖို့အတွက်အချိန် ဘယ်လောက်ယူရတယ်ဆိုတာတော့ ငါမသိပေမဲ့..
နင့်ကို မေ့ပြစ်နိုင်ဖို့ကျ ငါအခုချိန်ထိ အောင်မြင်အောင်မလုပ်နိုင်သေးဘူး.
အသဲကွဲ ပြီး နင်ရှိတဲ့အရပ်ကို ကျောခိုင်ပြီး မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တဲ့ ငါက..
နောက်ဆုံးတော့လဲ နင်ရှိတဲ့ အရပ်မှာပဲ တစ်ဝဲလည်လည်..
'' နင်မဂ်လာဆောင်တုံးက ငါနိုင်ငံခြားရောက်နေတာနဲ့ မလာဖြစ်ဘူး ဟာ..
အဲ့တာကြောင့် အခု နင်တို့အတွက် လက်ဖွဲ့လာပေးတာ..
နိုင်ငံခြားက နေ တစ်ကူးတစ်ခ သည်လာရတာနော် နင်မညင်းရဘူး..''
'' မဂ်လာဆောင် ပြီး တစ်လအကြာမှ ရတဲ့ နင်ရဲ့ မဂ်လာလက်ဖွဲ့ကို အမှတ်တရ ရှိနေမှာပါဟာ..''
ငါပေးသမျှ အရာရာတိုင်းကို ညင်းဆန်ခဲ့တဲ့ နင်က ဘဝနှစ်ခုကို ပေါင်းစည်းလိုက်တဲ့ အထိမ်းအမှတ်ရဲ့ လက်ဆောင်လေးကိုကျ..
မက်မက်မောမော လက်ခံသည်တဲ့လား..။
'' ဒါနဲ့လေ နင်မဂ်လာဆောင် တုံးက ငါ မုန့်မစားလိုက်ရဘူး..
အခု ငါကို အပြင်မှာ တစ်ခုခု လိုက်ဝယ်ကျွေးပါလား..''
ရိပေါ် နာရီကို ကြည့်လိုက်တော့ ၃နာရီ စွန်းစွန်းပဲ ရှိသေးတယ် ။
လိုက်ဝယ်ကျွေးဖို့ အချိန်ရတယ် ဆိုပေမဲ့ အခုလို အခြေအနေမျိုးမှာ သူတစ်ကယ် အဆင်မပြေဘူး.
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။