part 13

270 10 0
                                    









တံခါးလေးကို ဖွင့်ပြီးဝင်လိုက်ရင်ပဲ ကော်ဖီနှပ်ထားတဲ့ ရနံသင်းသင်းလေးက ကျွန်တော် စိတ်အာရုံကို ဖမ်းစားနိုင်လွန်းပါတယ်..။

'' ကော်ဖီ ခါးစိမ့်စိမ့်လေး တစ်ခွက်ပေးပါနော်.. ''

လာနေကြဧည်သည် တစ်ယောက်ဖြစ်တဲ့အတွက် စာပွဲထိုးလေးတွေ မျက်နှာတန်းမိ တာဟာလဲ မဆန်းပါဘူး..။

စိတ်အပန်းဖြေစရာ နေရာလေး အဖြစ် ဒီကော်ဖီ ဆိုင်လေးကို မကြာခဏတော့ လာဖြစ်တယ်။

ကျွန်တော်နဲ့ ချိန်းထားတဲ့သူတွေက နောက်ကျနေတာ မဟုတ်ပဲ ကျွန်တော် ကိုယ်တိုင်က စောရောက်နေချင်းပင်..

ချိန်းထားတဲ့ အချိန်ရောက်တော့ အချိန်လေးစားတဲ့ သူနှစ်ယောက်လုံး ရှေ့ဆင့် နောက်ဆင့် ရောက်လာကြတယ်...။

'' အကိုကျန်းချန် ဒါကလေ ကိုကို သူငယ်ချင်း ယွီပင်းတဲ့..

ဒါကတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် အကို တစ်ယောက်လိုပါပဲ ကျန်းချန် တဲ့..''

'' ဟု တွေ့ရတာ ဝမ်းသာပါတယ်''

'' ကျွန်တော်လဲ ဝမ်းသာပါခင်ဗျ''

လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ရင်နှီးမှု့ ကို ရယူလိုက်ကြတယ်။

'' အကိုတို့ သိတဲ့အတိုင်းပဲ ကိုကိုက အခုဆို ကျွန်တော်တို့ကို မှတ်မိတော့တာ မဟုတ်ဘူး..

အဲ့တာကြောင့် အကိုတို့နဲ့ပတ်သတ်တဲ့ ေကြာင်းအရာကလွဲဲပြီး ကျွန်တော်တို့ မိသားစုအကြောင်း မေးခဲ့ရင် မပြောစေချင်ဘူး..

အဲ့တာကလဲ ဘာရယ်ကြောင့်မှ မဟုတ်ပါဘူး..

ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေက ဆိုးခဲ့တာကြောင့် ကိုကို မေ့လက်စနဲ့ မေ့ပြောက်စေချင်တာပါ..

ဒါကလဲ ပါးပါးရော ကျွန်တော် ဆန္ဒတွေကြောင့် အကိုတို့ကို တောင်းဆိုရတာပါ..''

'' အကို နားလည်ပါတယ် အကိုလဲ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ သူ့ကို ထပ်ပြီး မနာကျင်စေချင်တော့ဘူး..''

'' အကိုလဲ လေ့ဝှက်ပေးထားမယ်လို့ ကတိပေးတယ်နော်..''

'' အကိုတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်..''



ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now