part 32

354 14 0
                                    















ရိပေါ်ကို ကလေးနဲ့ အကြပ်ကိုင်ပြီး ကွာရှင်းခွင့်တောင်းထားတော့ ကြည်ကြည်ဖြူဖြူ လိုက်လျောရှာတယ်။

ကိုယ်ဘက်ကလဲ ကလေးလေးကို အန္တရာယ် ကင်းကင်းနဲ့ လူ့လောကတည်း ခေါ်ဆောင်လာပေးဖို့ သဘောတူခဲ့တယ်။

ကလေးကို မချစ်လို့ မလိုချင်လို့မှ မဟုတ်တာ..
သူကို ချစ်ခဲ့တုံးက မောင်ရဲ့သွေးသားကိုတောင် လိုချင်လို့ ဆရာဝန်နဲ့ တိုင်ပင်ခဲ့ဖူးတာပဲ..

အခုဟာက မုန်းလို့ မုန်းသင့်တဲ့သူမို့ ကွာရှင်းဖို့ သဘောမတူဘူး ဆိုရင်တောင်..

ကိုယ်ရင်သွေးကို ပြန်သတ်ရလောက်တဲ့ထိ ဖခင်မေတ္တာ မဲ့တဲ့သူမဟုတ်ဘူး..

ရှောင်ကျန့် ကတော့ ပူမလာသေးတဲ့ ဗိုက်လေးကို ကိုင်ပြီး အတွေးတွေနဲ့
တင်ပူလောင်နေပြီ..

ပါးပါးရဲ့ ကလေးလေး သိရဲ့လား မင်းရဲ့ ဖိုးဖိုးနဲ့ ဖွားဖွားကလေ ပါးပါးကို ယောက်ျားလေး အဖြစ်ရယူဖို့ သူတို့က စီစဥ်ခဲ့တာ..

ပါးပါးကတော့ ဗိုက်ထဲက ပိစိလေး အထီးလေးပဲ ဖြစ်ဖြစ် အမလေးပဲဖြစ်ဖြစ် ချစ်မှာမို့ ​ကောင်းကောင်း ကြီးပြင်းလာရမယ်နော်..

ပါးပါး တစ်ယောက်တည်း တုန်နေအောင် ချစ်ပေးမယ်။
ကလေးလေးက daddy ကို မချစ်ရဘူးနော် ပါးပါး လဲသူကို အခုချစ်လို့မရတော့ဘူး ဘာလိုဆိုသူက..

သူက ပါးပါးရဲ့ မားမား ကိုသတ်တဲ့ တရားခံဖြစ်လို့ပဲ..

ခြံထဲမှာ လမ်းလျောက်ရင်းကနေ ဦးလေးချန် နောက်က ရောက်လာတာကြောင့်..

ဘာကိစ္စလဲ မေးတော့ မနက်စာ စားဖို့လာခေါ်သည်တဲ့ လူကလဲ လမ်းလျောက်ထားတဲ့ အရှိန်ကြောင့် ဗိုက်လဲ နည်းနည်း ဆာနေတာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်..။

'' ဦးလေးချန် ဒါက ဘယ်လိုပြင်ထားတာလဲ..

ကျွန်တော်က ကော်ဖီပဲ သောက်နေကျလေ..
ပြီးတော့ ဒီမုန့်တွေရောပဲ ဘာလို့အစိမ့်တွေလဲ ကျွန်တော်က အချိုစားတာ သိရဲ့သားနဲ့..''

အိမ်တော်ထိမ်း လဲ ခေါင်းကုတ်ခြေကုတ်နဲ့ ဘာပြောရမှန်းမသိ..

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now