part 25

261 12 0
                                    










သူ့အခန်းထဲ ရိပေါ်ခေါ်လာမိတာကိုပဲ နောင်တ ရချင်သွားတယ်..။

ရှောင်ကျန့် ခါးသေးသေးလေးကိုလက်တစ်ဖက်နဲ့ ထိမ်းကိုင်လိုက်ရင်း ရင်ခုန်သံချင်း နီးစေလျက်..

ရိပေါ် မျက်လုံးလေးတွေကလဲ ရှောင်ကျန့် နှုတ်ခမ်းလေးကို ပဲ ဗဟိုပြုနေတယ်..။

'' ရိပေါ် မင်းနော် အောက်ထပ်မှာ ပါးပါး ရှိနေတာကို.. ''

အဲ့တော့မှ ရိပေါ် ပြုံးစိစိနဲ့..

'' ဘာမှ မလုပ်ပါဘူး ကျွန်တော်က ကိုကို ကိုယ်ချစ်လို့ စတာ..''

ခါးလေးကိုဖက်တွယ် ထားရာကနေ လက်ကလေး နှစ်ဖက်ကို ဆုတ်ကိုင်လိုက်ပြီး...

'' ကိုကို ကျွန်တော်ကို လက်ထပ်ပါနော်..''

'' ဘာလဲ ဒါကရော ငါကိုလာစနေတာလား..''

'' ဒါကနောက်စရာလား ကိုကိုရယ် ကျွန်တော် အတည်ပြောတာပါ..''

'' သူများတွေလို စိန်လက်စွတ်လေး ဘာလေးနဲ့ ဒူးလေးထောက်ပြီး လက်ထပ်ခွင့်တောင်းရင်တော့ တစ်မျိုးပေါ့...

အခု မင်းဟာက ဗုန်းစားကြီး လာပြောပြီး ဘာမှလဲ မပေးဘူး ငါက လက်ခံစရာလား..''

အဲ့ဒီလို မကာသနတွေကိုလဲ မက်တာလဲ မဟုတ်ပဲနဲ့ ကိုကိုက သက်သက်မဲ့အိုင်တင်ခံနေတာ..။

ပါးစပ်ကပဲ ချစ်တက်တဲ့ကောင် လက်တွေ့မှာတော့ romantic ကိုဆန်လို့မရဘူး..။

ရိပေါ် သူလက်မှာ ပတ်ထားတဲ့ ငွေရောင် လက်ပတ် လေးကို ဖြုတ်လိုက်ပြီး..

ဒူးထောက်ချလိုက်တယ်..။

'' အဲ့ တာ ဘာလုပ်မလို့လဲ..''

'' လက်ထပ်ခွင့်တောင်းတာလေ.. ''

ရှောင်ကျန့် ဘယ်ခြေထောက်ကို ပတ်ပေးလိုက်ပြီး ..

'' ကျွန်တော်ဆီကနေ ဘယ်ကိုမှ ထွက်ပြေးလို့မရအောင် ချီလိုက်ပြီ

ကျွန်တော်ကို လက်ထပ်ပါနော်..''

ပြောပြောဆိုဆို ရှောင်ကျန့်ခြေထောက်လေးကို ဆွဲ မ လိုက်ပြီး

ကိုကိုအမုန်းမှ လွန်၍ Donde viven las historias. Descúbrelo ahora