part 12

275 14 0
                                    










''ကလီယိုပါထရာ ဘုရင်မဟာ မတ်ထန်ထော်နီကို ​ကြိုတဲ့အခါမှာ နှင်းဆီ ပန်းတွေ ဒူးဆစ်မြုပ်လောက်သည် အထိ ပန်းကော်ဇော ခင်းပြီး ကြိုတယ်လို့ စာထဲမှာ ရေးသားဖော်ပြခဲ့ဖူးတယ်...။

မူလက တရုတ်အခေါ်အဝေါ် ဘန်ဆန့် ဆိုတဲ့ နှင်းဆီ ရှိပါတယ်..။

အဖြူရောင်လေးရှိပါတယ်။
ပွင့်လွှာကလဲ တစ်ထပ်တည်း တစ်လွှာတည်းပါ..

ဒါကို တရုတ်လူမျိုးတွေ မျိုးစပ်လိုက်တဲ့ အခါမှာ အဝါရောင်လေးနဲ့ ပွင့်လွှာချက်တွဲလေးတွေ ဖြစ်လာပါတယ်...။

မျိုးစပ်ခြင်းဟာ ကျွန်တော်တို့ တရုတ်နိုင်ငံက စတင်ခဲ့တာပါတဲ့..

နှင်းဆီရဲ့ ကဗျာလေးက..

နှင်းဆီ ကယဥ် သဇင်ကပြုံး
အပွင့်မှာပန်းတော်ဝင်ပေ့
အပင်မှာ ဘယ်အတွက်ကြောင့်
ဆူးဖက်သတုံး..

ကိုကို ကိုယ် ဆက်ပြီးတော့ နှင်းဆီအပွင့်အလိုက် သူရဲ့အဓိပ္ပါယ်လေးတွေကို ဖတ်ပြမယ်နော်..

၁ ပွင့်.... မင်းက ကိုယ်ရဲ့ တစ်ဦးတည်းသော အချစ်။

၃ပွင့် .... I Love you

၈ပွင့်.... ပေးဆပ်သည်

၁၁ပွင့်.... အချစ်ဆုံး

၂၄ ပွင့်.... အချိန်မရွေး အမြဲတမ်း မင်းကိုလွမ်းနေမယ်..။


အပွင့်၅၀.... မင်းအနားမှာ ထာဝရ ရှင်သန်ချင်သော အချစ် တဲ့ ''

သူထိုးပေးထားတဲ့ နှင်းဆီပန်းအိုးထဲက ပန်းလေးကိုတော့ မရေတွက်တော့ပါဘူး...

ကိုကို မှ မသိပါပဲ အဓိပ္ပါယ် ဖွင့်ရန်မလိုတော့ပါ

အလုပ်ပိတ်ရက်တိုင်း ရှောင်ကျန့် မပျင်းရလေအောင် ရိပေါ် စာဖတ်ပြချင်းပင်..

'' ကိုကို လက်သဲလေးတွေ ရှည်နေပြီပဲ ကျွန်တော် ညှက်ပေးမယ်နော်''

ကိုကို သွေးလည်ပတ်မှု့ ကောင်းလာပြီနဲ့တူတယ် လက်လေးတွေက နွေးနေတယ်...။

လက်သဲညှက်တဲ့ အမှု့ကိစ္စ ပြီးမြောက်သွားပေမဲ့ ကိုကို လက်သေးသေး လေးကို ဆုတ်ကိုင် ထားဆဲပဲ..

ကိုကိုအမုန်းမှ လွန်၍ Waar verhalen tot leven komen. Ontdek het nu