part 14

242 14 0
                                    







ရိပေါ် ခေါ်ရာနောက် လိုက်လာတဲ့ ဘီးတပ် ထိုင်ခုန်ပေါ်ကကောင်လေး ကလဲ ဘာစကား တစ်ခွန်းမှ အဟ ခဲ့....

သူလဲ တွေးချင်ရာကို တွေးနေမှာပေါ့
တွေးချင်မှလဲ တွေးမှာလေ..

လူဆိုတဲ့ အမျိုးက လောဘ ကြီးတာစမ်းသလား.. ။

ကိုယ်ချစ်တဲ့သူ အနားမှာနေရတော့လဲ သူများကိုယ်အကြောင်းလေးများ စဥ်းစားနေမလား..

ကိုယ်ကို သတိရော ထားမိရဲ့လား..

အဲ့လိုမျိုး ကျွန်တော်လဲ လောဘ တက်မိလေတယ်..။

'' ကိုကို အခန်းထဲမှာထက် စာရင် ဆေးရုံဝန်းထဲက ပိုပြီးသက်တောင့်သက်သာ ရှိမယ်ထင်လို့..

ဆေးအနံ့တွေလဲ နည်းနည်း ပြယ်တာပေါ့ ကိုကိုရယ်...''

'' အင်း..''

ရှောင်ကျန့် က အင်း ဆိုပြီးပဲ အသံလေးပြုရှာတယ်..။

ကျွန်တော် အကြောင်းပြောပြဖို့
ဝေ့သီ နေတာ မဟုတ်ပါဘူး ကိုကိုရယ်..

ကိုကို ကိုယ်လိမ်ဖို့ အားယူနေယုံလေးပါ..။

'' ကိုကို မေ့နေတဲ့ ကျွန်တော် အကြောင်းကို ပြောပြမယ်နော်''

'' အင်း..''

ဒီတစ်ခါ အင်း လေးကတော့ စိတ်ဝင်စားမှု့လေး တွေပါနေပါသည်ဟု ကျွန်တော် ယူဆမိပါတယ်..။

'' ကျွန်တော်က သာမန် ဝမ်မိသားစုလေးက မွေးဖွားလာတဲ့ ကောင်လေး တစ်ယောက်ပါ...

နာမည် အပြည့်အစုံက ဝမ်ရိပေါ်

ပါးပါး ရော မားမား က ကျွန်တော် အရွယ်မရောက်ခင်မှာပဲ ဆုံးသွားခဲ့ကြတယ်..

အဖွားကပဲ ထိမ်းကြောင်းပေးခဲ့ရတယ်.. ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ အဖွားဆုံးသွားခဲ့တယ်..။

မိဘတွေပေးခဲ့တဲ့ အမွေနဲ့ ကုမ္ပဏီ အသေးစားလေး လုပ်ကိုင်နေတယ်..။

ကျွန်တော် အကြောင်းကတော့ ဒီလောက်ပါပဲ..''

'' ဒါဆို မင်းသိတဲ့ ငါ့အကြောင်းကရော..''

'' ကိုကို က သူဌေးကြီး..... နဲ့ မေရိ တို့ရဲ့ တစ်ဦးတည်းသော သား နာမည်က ရှောင်ကျန့် တဲ့..''

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now