part 18

234 13 0
                                    












ဒေါက်..... ဒေါက်....!!!!

''အခုထိ မပြန်သေးဘူးလား မင်းအသံမကြားချင်ဘူးလို့ ပြောထားတယ်လေ..''

'' သခင်လေး ဦးလေးချန်ပါ မနက်စာလာပို့ပေးတာ..''

ရိပေါ်ကို စိတ်ဆိုးနေတာနဲ့ပဲ ရှောင်ကျန့် မနက်စာတောင်ဆင်းမစားဖြစ် ဘူး..။

ဦးလေးချန် ဆိုမှ တံခါးဖွင့်ပေးလိုက်တယ်။

မနက်စာလေးကို စာပွဲပေါ် တင်ပေးလိုက်ရင်း..

'' သခင်လေး ရိပေါ်ကလေ ခြံထဲမှာ ဒူးထောက် နေတယ် ပြန်ခိုင်းလို့လဲ မရဘူး သခင်လေး စိတ်ဆိုးပြေအောင်လို့တဲ့.. ''


ဒီကောင်လေး ဘာတွေလျောက်လုပ်နေလဲ မသိဘူး..။

ရှောင်ကျန့် စိတ်ရှုတ် နေတာနဲ့ပဲ ဦလေးချန်ကိုလဲ လုပ်စရာရှိတာ လုပ်ဖို့ အခန်းထဲက ထွက်သွားခိုင်းလိုက်တယ်။

သူကိုဘယ်သူက ဒူးထောက်ခိုင်းလို့လဲ ပါးပါးသာ ဒီကိစ္စသိရင် သူအဆိုးဖြစ်အုံးမယ်..။

ဒီကောင်လေးနဲ့တော့ ခက်ပါတယ်။

ရိပေါ် ဒူးထောက်ရင်း ရှောင်ကျန့် အခန်းပြတင်းပေါက်ကနေ အကြည့်မခွာနိုင် အရိပ်တစ်ကြည့်ကြည့်နဲ့

ရှောင်ကျန့် လိုက်ကာနောက်ကနေ ချောင်းကြည့်လိုက်တော့ တစ်ကယ်ပဲ ဒူးထောက်နေတယ် ။

သူသာစိတ်ဆိုးမပြေရင် တစ်နေကုန် ဒူထောက်ပြီး ထမဲ့ပုံ မပေါ်..

ရိပေါ်ကို ကြည့်နေရင်း ခေါင်းထဲကလဲ မူးနှောက်နှောက် ဖြစ်လာသလို ဝိုး တစ်ဝါးပုံရိပ်တွေ..

ပြီပြင်မှု့ မရှိတဲ့ မှတ်ညဏ် အတိုအထွာတွေက ပုံရိပ်လာထင်စေတယ်။

အရင်တုံးကလဲ အခုလို အခြေအနေကို သူကြုံခဲ့ဖူးသလို ခံစားရပြီး ရင်ဘက်ထဲကလဲ နာကျင်လာတယ်။

'' ဘာတွေလဲ...''

ရိပေါ်က သူစိတ်ဆိုးတိုင်း ဒူးထောက်တောင်းပန်နေကျလား..။

သူခေါင်းထဲ ပေါ်လာတာ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေပဲ ဖြစ်မယ်လို့ တစ်ထစ်ချ ယုံကြည်လိုက်တယ်။

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now