part 20

267 14 1
                                    










ရိပေါ်က သူ့ထက်အသက်ငယ်တယ်ဆိုတာ လက်ခံပါတယ်။

ဘာလို့မြင်တဲ့ သူတိုင်းက သူတို့ကို ညီအကိုလို့ ထင်နေကြတာလဲ..။

ဟိုတစ်လောကလဲ ရိပေါ်ပြောတဲ့ အသိတစ်ယောက်ပါ ဆိုတဲ့ လူတစ်ယောက် က နှုတ်ဆက်တယ်။

ရိပေါ်ကို ကျွန်တော်ညီတဲ့လေ..

အဲ့လိုတွေ အထင်ခံရတိုင်း ဘာတွေဆိုးရိမ်ပြီး ကြောက်ရွံ့နေမှန်း မသိခဲ့ဘူး...။

'' ကိုကို ကျွန်တော်ဆောင့်ပါအုံး..''

ရိပေါ်ခေါ်သံ ကြားပေမဲ့ ရှောင်ကျန့် ခြေလှမ်းတွေမှာ ရပ်တန့်ဖို့ ဆန္ဒမရှိခဲ့ပါပဲ..

ရိပေါ်က ရှောင်ကျန့် လက်ကို လှမ်းဆွဲလိုက်မှာသာ..

'' ဘာလုပ်တာလဲ ငါ့ကိုလွှတ်..
အဲ့ဒီကောင်မလေး တွေက မောင်လေးလို့ ခေါ်တာ အရမ်းတွေ ကျေနပ်နေတယ်မလား..''

'' မဟုတ်ပါဘူး ကိုကိုရယ်..''

''အဲ့လို ကိုကို ကိုကို လို့လိုက်ခေါ်နေလို့သာ ညီအကိုတွေ လို့ အထင်ခံရတာ..''

'' ဘာဆိုင်လို့လဲ အရင်ကလဲ အဲ့လိုခေါ်နေကြပဲကို.. ကိုကိုကသာ ရိပေါ်လို့ ခေါ်နေလို့ ဖြစ်ရတာ..''

အောင်မယ် သူကလဲ မှားသေးတယ် မချော့တဲ့အပြင် ကပ်ကပ်လန်အောင် ရန်ပြန်တွေ့နေသေးတယ်..

စိတ်တိုလိုက်တာ...

ရှောင်ကျန့် ဘာစကားမှ မပြောတော့ဘဲ ရိပေါ်ကိုသာ ကျောပေးရပ်နေလိုက်တယ်။

'' ကိုကို... ကိုကိုလို့.. အဲ့လိုကြီး ကျောပေးမထားပါနဲ့..''

ရှောင်ကျန့် ပခုံးလေး ကနေကိုင်ပြီး မျက်နှာချင်းဆိုင် အနေအထား ပြန်လည့်လိုက်တယ်..။

'' ကျွန်တော် ကစတာပါ ကိုကိုမှားလဲ ကျွန်တော်ချော့မယ် ကျွန်တော်မှားလဲ ကျွန်တော်ကပဲ စချော့ပါမယ်ဗျာ''

ရိပေါ်က အဲ့လိုလေး ပြန်ချော့လိုက်မှ ပြုံးချင်နေတဲ့ နှုတ်ခမ်းလေး ကို သွားကြီးကြီးလေးနဲ့ ဖိကိုက်လိုက်တော့

ကိုကိုအမုန်းမှ လွန်၍ Unde poveștirile trăiesc. Descoperă acum