မဂ်လာဧည့်ခံပွဲ ပြီးတာနဲ့ ရှောင်ကျန့် ကိုခေါ်ဆောင်ပြီး ရိပေါ် မောင်းနှင်လာတဲ့ ကားလေးဟာ..
တစ်ရိပ်ရိပ်နဲ့ နှစ်ယောက် တစ်ကမ္ဘာတည်ထောင်တော့မဲ့ နှစ်ထပ်တိုက်လေးဆီသို့..
ကားမောင်းလာတဲ့ လမ်းတစ်လျောက်လဲ ရိပေါ် ဘက်ကစပြီး စကားပြောမည်ကို ရှောင်ကျန့် ဆောင့်ဆိုင်းလာရင်နဲ့ပဲ..
ဘယ်သူမှ အစမပြုခဲ့တဲ့ အခိုက်အတံ့မှာ တိတ်ဆိတ်မှု့ ကသာ ကြီးဆိုးလျက်..
ရိပေါ်က ဘာလို့ ငါကိုစကားမပြောတာလဲ...
ဒီလိုအခြေအနေကြီမှာ သူလဲ အနေစိမ်းသလို ငါလဲနေရခတ်တယ်လေ။
သူစိတ်ဆိုးနေလို့များ အခုလို မျက်နှာတည်ကြီးနဲ့ နေနေတာလား.
စိတ်ဆိုးမပြေသေးလဲ ဘာလို့ ပြန်လာနေသေးလဲ မဂ်လာပွဲကိုဖျက်လိုက် ပါလား.။
ရောက်လာပြီးမှ အခုလိုမျိုး နေနေတော့ ကောင်းလား..။
တစ်ကယ်ပါပဲ သူဘာဖြစ်ချင်နေတာလဲ တစ်ကယ်ခန့်မှန်းရခတ်လိုက်တာ.။
ကိုကို အခုချိန်ထိ ကျွန်တော်စိတ်ကိုနားမလည်သေးဘူး.. ။
တစ်ကယ်တမ်း ကိုကိုကိုယ် ကျွန်တော် စိတ်မဆိုးရက်ပါဘူး..
စိတ်မဆိုးနိုင်ဘူး ဆိုပိုမှန်လိမ့်မယ် ။
အနည်းငယ် စိတ်မထိမ်းနိုင်ဖြစ်ပြီး ကိုကို အပေါ်အော်မိယုံပါ..။
တစ်ပတ်လုံး ကျွန်တော် ကိုကိုကိုယ်ပဲ လွမ်းနေခဲ့ရတာ..
ကျွန်တော် အရုပ်လေးကို ပြန်တွေ့အောင် ရှာနိုင်တယ် ဆိုပေမဲ့..
ကိုကိုနဲ့တော့ ဘယ်ယှဥ်လို့ ရပါ့မလဲ ဒီအတိုင်းသူက သက်မဲ့အရုပ်ကလေး တစ်ရုပ်ပဲကိုး..
လွင့်မပစ်နိုင်ပဲ သိမ်းထားချင်ယုံလေးပါ..။
မဂ်လာပွဲနီးလာတော့ ကျွန်တော်ကို အကုန်စိတ်ပူပြီး ဖုန်းတွေဆက်ကြပေမဲ့..
ကျွန်တော် မျှော်နေတဲ့ နံပါတ်လေးကတော့ ေယာင်လို့တောင် မှ မဆက်ဘူး..။
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။