part 16

251 12 0
                                    








သာယာတဲ့ မနက်ခင်းလေးမှာ စိတ်ကြည်နူးစရာ ကိစ္စလေးကြောင့် တစ်နေကုန် စိတ်ပျော်ရွှင်နေမှာ အသေအချာပဲ...

သူကို မနက်အစောကြီး ရိပေါ်က လာချော့သည်တဲ့လေ..

တစ်ကယ်ပါ ဒီလိုအချိန်မှာ သူခြေဖျားလက်ဖျား တွေ အေးဆက်နေမှာ အမှန်ပင်..

ရိပေါ် စောင့်နေရလို့ပင် ရေလေးအမြန်ချိုး အဝတ်အစားလေး အမြန်လဲပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။

'' ရိပေါ် ငါပြီးပြီ ''

ကိုကိုက ဘယ်လိုအဝတ်အစားကိုပဲ ဝတ်ဝတ် လိုက်ဖက်နေရောပဲ..

ရေချိုးထားတဲ့ ကိုကို အသားအရေက ကြည်လင်ပြီးဝင်းပနေတယ်..။

'' ငါမျက်နှာမှာ ပေနေလို့လား ''

လူကို ကြည့်နေလိုက်တာများ အရေပျော်တော့မယ်..။

'' မပေပါဘူး ကိုကိုက အရမ်းချောနေလို့... ''

'' မင်းပြောစရာ မလိုပါဘူး သိသားပဲ

ဒါနဲ့ ယွီပင်း တို့ကိုရော ပြောပြီးပြီလား.. ''

'' သူတို့က ဆိုင်ကို တောင်ရောက်နှင့်နေလို့ ဖုန်းတောင်ဆက်ခေါ်နေကြပြီ''

'' အဲ့ဆိုလဲ ပြီးတာပဲ သွားမယ်''

ကားနားရောက်တော့လဲ ရှောင်ကျန့် အတွက်ကား တံခါးကို ဆွဲဖွင့်ပေးတယ်..။

ဒီကောင်လေး တစ်ကယ်အလိုက်သိတာပဲ..

အရန်သင့်လေး ဝင်ထိုင်လိုက်တယ်..

ရှောင်ကျန့် အတွေးတွေကတော့ ရပ်တန့်မသွားပေ..

ခါတိုင်းလဲ သူက ငါ့ကို အခုလို လုပ်ပေးနေကြလား..။

ရီစားတွေပဲ ဒီလောက်ကတော့ ရှိမှာပေါ့..

ငါရီးစားတွေလို့ တွေးလိုက်တာလား.

အခုလက်ရှိ ငါ့မှတ်ညဏ်ထဲမှာ သူကိုချစ်လား  မချစ်ဘူးလား ဆိုတာ သေမှ မသေချာသေးတာ..

'' ဟာ.. ရူးတော့မှာပဲ..''

'' ကိုကို ဘာဖြစ်လို့လဲ ''

'' ဘာမှ မဖြစ်ဘူး ရောက်ပြီမလား.''

'' ဟု..''

'' ငါအရင်သွားနှင့်မယ် မင်းကားထိုးပြီးမှ လိုက်ခဲ့..''

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now