part 17

219 13 0
                                    














ရှောင်ကျန့် ယွီပင်းနဲ့ စကားပြောရင်း အရက်တွေပါ သောက်နေသည်မို့ မနည်းတားနေရသည်..။

ရှောင်ကျန့် တစ်ကယ်မူးလာရင် သူလဲ မနိုင်ပါ..။

ရိပေါ် ကို ဖုန်းဆက်ပြီး ခေါ်ဖို့ အခန်းအပြင်ကို ထွက်လာခဲ့တယ်..။

'' အကို ယွီပင်း ''

'' အခုပဲ မင်းကို ဖုန်းဆက်ခေါ်တော့မလို့ ရှောင်ကျန့် ကို ငါလဲ တားမရဘူး အရက်တွေသောက်နေတယ်''

'' ကျွန်တော် ကားတွေပိတ်နေလို နည်းနည်း နောက်ကျသွားတာ..''

'' ငါ ရှောင်ကျန့် ကို မင်းလက်ထဲမှာ စိတ်ချလို့ရတယ်မလား..''

ယွီပင်း ပြောချင်တဲ့ စကားအသွားအလာကို ရိပေါ်လဲ ပါးနပ်သူတစ်ယောက်အနေနဲ့  သိပါတယ်..။

'' ဟုကဲ့ ကျွန်တော် ကိုကိုကိုယ် နာကျင်အောင် မလုပ်ပါဘူး အခု လီအာ နဲ့ ကိစ္စကလဲ အထင်လွှဲနေပါ..''

'' ငါလဲ ရှောင်ကျန့် ပြောပြမှ မင်းတို့အကြောင်းကို သိရတာ...''

'' ဒါဆို..... ''

'' မင်းစိတ်မပူပါနဲ့ ကိုယ် မင်းတို့အတိတ်ကအကြောင်းတွေ ဘာမှပြန်မပြောပါဘူးရှောင်ကျန့် သိထားတဲ့အတိုင်း အလိုက်ထိုက်လေးပဲ ပြန်ပြောပေးရုံပါ..''

'' ကျေးဇူးတင်ပါတယ် အကိုယွီပင်း '

'' ဒါပေမဲ့ အမှန်တရား ဆိုတာ ကြာကြာ ဖုန်းကွယ်လို့ မရနိုင်ဘူးနော်

သိလာတဲ့ တစ်နေ့ အနည်းနဲ့အများတော့ ထိခိုက်နာကျင်ကျမှာပဲ..''

'' ဟုကဲ့ပါ ကျွန်တော်ဆန္ဒအတိုင်းဆို မလိမ်ချင်ပါဘူး ပါးပါးကပါ ဒီအတိုင်း ဖြစ်စေချင်တာမို့ မလွှဲသာလို့...''

'' ကိုယ်လဲ နားလည်ပါတယ်ကွာ
သွားလိုက်အုံး အခန်း ၁၀၁ မှာရှိတယ်''

'' ဟုကဲ့..''

ရိပေါ် ရောက်သွားတော့ ရှောင်ကျန့် တစ်ကယ်ပဲ မူးနေပြီ..
သူမူးနေပြီဆို ဘယ်သူကို မှ သဲသဲကွဲကွဲ မသိတော့ပါ..

ရိပေါ် ဒါကိုပဲ အခွင့်ကောင်းယူရတော့မယ်..။

စိတ်ရင်းအမှန်နဲ့ဆို စိတ်ဆိုးနေရင် သူကိုအနားအကပ်ခံမှာ မဟုတ်..

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now