part 35 final

690 19 0
                                    










၃ နှစ်အရွယ် သားလေးက အဖေနှစ်ယောက်ထပ် အရင်နိုးတက်ပြီး..

သူနိုးလာရင် ကျွန်တော် ဗိုက်ပေါ် ကုတ်တက်ပြီး မျက်နှာပေါ် လှုတ်ပြီး အတင်း နိုးတော့တာပဲ..

တစ်နေကုန် ဆော့တယ် ညနေကျတော့ မောပြီး အစောကြီးအိပ်တယ် မနက်ကျတော့ ကျွန်တော်တို့ထက် အရင်နိုးနေပြန်ရော..

'' Daddy... daddy ...''

မပီကလာ ပီကလာ ခေါ်သံလေးကြောင့် ကျွန်တော်မှာ အသဲတစ်ယားယား တမင်စချင်တာကြောင့် ပြန်မထူးရင်....

သူ့ပါးပါး ဘက်လည့်တော့မှာ သိတယ်..

ကိုကို ကိုယ်အိပ်ရေးမပျက်စေချင်တာကြောင့် ကျွန်တော်ကပဲ ပြန်ထူးရသည်။

'' အေးပါ သားရယ် daddy ထပြီနော်..
Daddy က မျက်နှာသစ်ပေးမယ် ဟုပြီလား...''

သားရဲ့ နာမည်ကို အရိုးရှင်းဆုံး နဲ့ ကျွန်တော်တို့ နှစ်ယောက်နာမည်ပါ ပါအောင် ရှောင်ရိ လို့ပဲ ပေးခဲ့တယ်။

အခုကျွန်တော်မှာ ရှောင်သခင်လေးကို ရော ရှောင်ပေါက်စိနလေးကိုပါ အချစ်ပိုနေရပြီ..

ကျွန်တော်နဲ့သာ ရုပ်ချင်းတူတာ အကျင့်ကတော့ သူ့ပါးပါး အတိုင်းပဲ အစားချေးများတာ..

အစားရွေးတာတော့ ကျွန်တော်ကပဲ ချော့ကျွေးရပေမဲ့..
တော်ရုံလူဆို မခင်တွယ်တက်တာ ခေါင်းကျောမာပြီး တစ်ယူသန်တာကတော့..

သူ့ ပါးပါးရဲ့ အမွေပေါ့...

'' သားရေ... ရှောင်ရိ... ရှောင်လေး မောင် သားကို မတွေ့ဘူးလား..''

တစ်နေကုန် မမောနိုင် မပန်းနိုင် တစ်အိမ်လုံး လျောက်ဆော့နေတာ..

အခု ရေချိုးပေးမလို့ကို ပတ်ပုန်းနေလို့ လိုက်ရှာနေရသေးတယ်။

'' မတွေ့ပါဘူး.. ဘယ်များရောက်နေလဲ မသိဘူး ဒီကလေးတော့..''

ရိပေါ်လဲ မသိချင်ယောင် ဆောင်ပြီး ပြောလိုက်ပေမဲ့..

သားက သူ့စာကြည့် စားပွဲအောက်မှာ ဝင်ပုန်းနေတာ..
သားအဖ နှစ်ယောက်က လက်ဝါး ရိုက်ပြီးသား..

ကိုကိုအမုန်းမှ လွန်၍ Where stories live. Discover now