Part ( 7 )

8.8K 401 12
                                    

Unicode

အချိန်ပြည့်တည်နေတဲ့ထိုလူ့မျက်နှာ။
အရှေ့တည့်တည်မှာခြေထပ်ထိုင်ပြီး
အသက်မပါတဲ့မျက်ဝန်းတွေနဲ့
ကြည့်နေသည်။

တိမ်တိုက်လင်းညို ထိုင်လည်းမထိုင်ရဲသလို
တုတ်တုတ်မှလည်းမလုပ်ရဲဘဲ
ထိုလူ့အရှေ့မှာလက်နှစ်ဖက်ကို
မီးပွင့်မတတ်ပွတ်ရင်းအကြည့်တွေကို
ပတ်ဝန်းကျင်အနှံပို့ထားလိုက်၏။

ဒီလူ..ကျုပ်ကို ထိုင်ခိုင်းဖို့ကော
အစီအစဥ်ရှိသေးရဲ့လား။
တစ်နာရီမဟုတ်နှစ်နာရီမဟုတ်။
ဘာစကားမှမပြောဘဲသူ့ကိုဒီအတိုင်းကြီးရပ်ခိုင်းထားဒါ။
ခြေညောင်းတဲ့ဒဏ်ကိုထိုင်နေတဲ့
လူယုတ်မာကြီးကတော့ဘယ်သိမှာလည်း။

ရွာမှာလိုသာဆိုဒီလူကိုကက်ကက်လန်အောင်
ပြန်ပြောပြီးနေပြီ။ကြောက်တာကကြောက်တာ
တစ်ကန္တ။ညောင်းတာကညောင်းတာတစ်ကန္တဘဲ။

ရပ်မရအောင်ညောင်းနေတဲ့ခြေထောက်ကြောင့်
ထိုလူဘယ်လိုကြည့်နေကြည့်နေ
ထိုင်ဖို့ရန်တိမ်တိုက်လင်းညို
ဆုံးဖြတ်လိုက်သည်။

" ပြန်ထ.. ''!!

ထိုင်လိုက်တာနဲ့တစ်ချိန်လုံးတိတ်နေတဲ့
ထိုလူ..အော်ခြင်းကိုခံလိုက်ရသည်။

" ကျုပ်ညောင်းတယ်ဗျ ''

ညူစူစူလေးပြောမိတော့.မျက်ခုံးနက်နက်တွေ
တွန့်ချိုးပြီးလူကိုထဘဲသတ်တော့မလို
ကြည့်လာတဲ့ထိုလူ။

တ်ိမ်တိုက်လင်းညိုငိုခြင်သွားသည်။
မိဘတွေအညိုငြင်ခံရတဲ့ကလေးတစ်ယောက်ပမာ
နှုတ်ခမ်းစူရင်ထိုင်ရာကပြန်ထလိုက်ရ၏။

" ကျုပ်ဘယ်အချိန်ထိရပ်နေရအုန်းမှာလဲ
ဦးဘုရင်''

" ဘာ.. ဘယ်လိုခေါ်လိုက်တာလဲငါ့ကို''

စိမ်းသက်သက်အကြည့်။ခက်ထန်တဲ့လေသံ။
တစ်ဆက်ထဲတိမ်တိုက်လင်းညိုရပ်နေတဲ့
အနားကိုလျှောက်လာနေပြီ။

နံမည်ခေါ်မိတာ။သူ ဘာမှားလို့လည်း။

" ဦးဘုရင်.. ဦးဘုရင်ကခများနံမည်မဟုတ်ဘူးလား''

ဧက္ကရာဇ် အရှေ့က ကောင်လေးကို
စူးစိုက်ကြည့်လိုက်သည်။

ဒီကောင်လေးရောက်လာတဲ့တစ်ပတ်အတွင်း
သူနံမည်မှမပြောပြရသေးတာ။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now