Part (45)

4.4K 234 2
                                    


" ဦးစျာန် ရေ ခင်များကြီးသား
သေးပေါက်ချကုန်ပြီ..လာအုန်းဗျ''

တိမ်တိုက်လင်းညိုတစ်ယောက်
ပေါင်ပေါ်တင်ထားတဲ့ပေါက်စကို
ဘယ်နားချလို့ချရမည်မသိ
ဖြစ်နေတော့သည်။

လက်ထဲသေးပေါက်ချတဲ့သားကို
အနှီးလဲပေးရအောင်သူမလဲတတ်။

အစစအရာရာဦးစျာန်သာလုပ်နေကြ
မို့ အခုလိုအချိန်မျိုးမှာ​ခြေမကိုင်မိလက်မကိုင်မိ
ဖြစ်ကုန်တော့သည်။

" ဦးစျာန်.. လို့ ''"!

" လာပါပြီ ကလေးရာ.. ကိုယ်ရေချိုးနေလို့ပါ ''

အပေါ်ကအပြေးအလွှားဆင်းလာတဲ့
ဦးစျာန်။

ကျုပ်အော်သံကြောင့်အမြန်ဆင်းလာတယ်
ထင်ပါ့။ရေစိုနေတဲ့ဆံပင်တွေပင်
မသုတ်ပဲဒီအတိုင်းဆင်းလာသည်။

ဝတ်ထားတဲ့အင်္ကျီကလည်း
သေသပ်မူ့မရှိ။

သားကိုကျုပ်လက်ထဲကလက်လွှဲယူပြီး
ပေါင်ပေါ်တင်နေသူ။

ေသးစိုနေတဲ့အဝတ်ကိုဖယ်ပြီး
အဖြူရောင်အနှီးအခြောက်တစ်ထည်ဖြင့်
သေသေခြာခြာကျွမ်းကျွမ်းကျင်ကျင်လဲနေသူ။

" ဦးစျာန်က တော်လိုက်တာ''?

ကျုပ်ချီးကျူးတော့ ခပ်ရေးရေးလေး
ပြုံးပြပြီးလုပ်စရာရှိတာဆက်လုပ်နေသည်။

အနှီးလဲပေးပြီးတော့။

" ဆက်ပွေ့ခြင်သေးလား
ဒါမှမဟုတ်..ကိုယ်သိပ်လိုက်ရတော့မလား
နေ့လည်ရောက်နေပြီဆိုတော့''

" ဟင့်အင်း.. မသိပ်ပါနဲ့အုန်း.
ကျုပ်ပွေ့ခြင်သေးတယ်''

" ကလေးထမင်းမစားရသေးဘူးလေ''

" ရတယ်..ကလေးဘဲပွေ့မယ်''

" ထမင်းအရင်စား..ပြီးရင်ပွေ့ ရလား''

တ်ိမ်တိုက်ခဏစဥ်းစားလိုက်ပြီး။

" ဟုတ်ပြီ... ကျုပ်က သားကိုပွေ့မယ်
ဦးစျာန်က.. ကျုပ်ကိုထမင်းခွန့်ကျွေး''

" ကောင်းပြီလေ.. ဒါဆို ကလေးချီထား
ကိုယ်ထမင်းသွားခူးပေးမယ်''

သားတစ်လပြည့်ပြီးနောက်ပိုင်း
ညအိပ်ချိန်သာတိမ်တိုက်အိမ်ပေါ်
တက်ဖြစ်တော့သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now