Part ( 24 )

5.1K 248 12
                                    

Unicide

" ဗျို့ ရွာသူကြီး..''!!

" ဘယ်သူလဲကွ စောစောစီးစီး
အသံဗြဲကြီးနဲ့ ''

"ကျုပ်ဘတိုးဗျ မြို့ကစာရောက်လို့''

" ဟ..ထူးထူးခြား ဘယ်သူများလဲကွ ''

သူကြီးရာထူးဒါအခု့ထိခိုင်မြဲနေတာ
မြို့ကကြေးနန်းပို့သူရယ်တဲ့။
တစ်ယောက်တောင်မရှိ။

ခုများမှာတော့။

စာကိုဖွင့်ဖတ်ပြီးသူကြီးမျက်နှာ
ချက်ခြင်းမဲ့သွားသည်။

စာအသွားအလာရ အရင်က
အတိတ်ဟောင်းကိုပြန်နိုးထသွားစေသည်။

ကြောက်စရာကောင်းတဲ့မျက်နှာအသွင်အပြင်
နှင့်အတူလက်ထဲကကြေးနန်းစာလေးမှာကြေ
မွသွားလေ၏။

" တော်.. ဘယ်ကစာတုန်း''!

အိမ်ပေါ်ကဆင်းလာတဲ့
မချိုကြောင့်သူကြီးအမြန်စာကို
ဆွဲဖြဲလိုက်သည်။

" မင့်သားပါကွာ..မြို့ရောက်နေကြောင်း
လှမ်းပြောတာ''

" ဘယ်လို..''

သူကြီးကတော်​ကြောင်သွားသည်။
သူ့သားကမြို့ရောက်သွားတာတဲ့လား။
မဟုတ်ဘဲနဲ့။အားလုံးနဲ့အဆက်အသွယ်
ဖြတ်ထားခြင်တဲ့သားကကြေးနန်းပို့ပြီး
မြို့ရောက်နေကြောင်းပြောတာတဲ့။
ဘယ်လိုမဖြစ်နိုင်တဲ့ကိစ္စကြီး။

မဟုတ်မှအရာရှိမင်းသားကိုပြန်မိသွား
ဒါများလား။

သူမစိုးထိတ်သွားရသည်။
သူမတွေးသလိုသာအမှန်ဆို..
သူမမှာသားဖြစ်သူအတွက်ဆိုးဆိုးဝါးဝါး
အပြစ်မပေးခံရဖို့သာဆုတောင်ရုံရှိသည်။

မြို့အုပ်မင်းလိုအရာရှိကို
သူမမှမပြောရဲမလွန်ဆန်ရဲဘဲ။

သူကြီးစာကိုစိတ်စိတ်မွမွဆွဲခြေပြီး
ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးသယ်ထားတဲ့
ရဲရဲတောက်နေတဲမီးဖိုထဲပစ်ထည့်လိုက်သည်။

ဟင်းပြန်တက်ချက်တဲ့မချိုကို
ငေးကြည့်ရင်းစိတ်မကောင်းမိ။

စာထဲကအလိုအရဆိုမြို့အုပ်အရာရှိမင်းက
သူဌေးကတော်ဒေါ်စိမ်းညိုနဲ့သူဌေးမင်း
မင်းသူရိန်တို့သားဖြစ်နိုင်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now