Part ( 39)

4.2K 213 2
                                    

Unicode

ထမင်းစားပြီးတာနဲ့ ဘုရင် ရွာသွားဖို့
ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်သည်။
ဘားမှထွေထွေထူးထူးပြင်စရာမရှိပေမဲ့
သေနပ်ကိုတော့ဘယ်နေရာမှချို့ယွင်း
ချက်မရှိအောင်သေခြာပြင်ဆင်စစ်ဆေး
ဖို့လိုသည်။ဒါမှအန္တရာယ်နဲ့ထိတ်တိုက်တွေ့တဲ့
အခါလွယ်လွယ်ကူကူရှိနေမှာ။

" ဦးစျာန် ကျုပ်တစ်ကယ်လိုက်လို့မရဘူးလား''?

ပုဆိုးခေါက်နေရင်းမေးလာသူကို
ဘုရင်သေနပ်စစ်ဆေးနေရာကကြည့်ရင်း
ခေါင်းခါပြီး။

" မရဘူးကလေးငယ်.. အန္တရာယ်အရမ်း
များလွန်းတယ်..ကိုယ် ကလေးငယ်ကို
စိတ်မချဘူး..အိမ်မှာဘဲ ဒေါ်နု့တို့ ဝင်းစိုးတို့နဲ့
နေခဲ့နော်..''

" အန္တရာယ်က ဦးစျာန်လည်းရှိတာဘဲမဟုတ်လား
ကျုပ်ကကောအိမ်မှာနေရပြီး ဦးစျာန်ကို
စိတ်မပူရတော့တာလည်းမဟုတ် စိတ်ပူနေရမဲ့
အတူတူ လိုက်ခဲ့မယ်လေနော်''

မျက်လုံးလေးကလယ်ကလယ်နဲ့
လိုက်ဖို့တောင်းဆိုနေသူလေးအား
ဆံနွယ်အုပ်အုပ်လေးတွေကို
လက်နဲ့အသာသပ်ပေးရင်း။

" တစ်ကယ်မဖြစ်လို့ပါ အပုလေးရာ
ကိုယ့်စကားနားထောင်နော်..
အိမ်မှာဘဲ ကိုယ်ပြန်လာတာကို
စောင့်နေပေး..ပြသနာတွေအပြီးရှင်းပြီး
ကိုယ်အမြန်ပြန်ခဲ့မယ် ''

" ဒါပေမဲ့....ဦးစျာန်... ''

" အပုလေး.. ကိုယ် ထပ်မပြောခြင်ဘူး..
အန္တရာယ်များလို့ ကိုယ်ပြောနေတာကို
ဘာလို့နားမဝင်ရတာလဲ..ပြင်စရာရှိတော့
ပြင်ပြီးအိပ်တော့ ဗိုက်ထဲကလေးကျန်းမာ
ရေးကောင်းဖို့. စောစောအိပ်တော့''

ပြေရခက်နေတာမို့ ဘုရင်လေသံအနည်းငယ်မာ
သွားသည်။ မျက်နှာမလှစွာခေါင်းငုံ့သွား
သူကြောင့်ဘုရင်စိတ်မကောင်း။

သူ့အသံမာသွားမှန်းသိလိုက်ပေမဲ့
ပြောရခက်တဲ့ကလေးငယ်က
စကားသံမာမှထပ်အသံမထွက်မည်မဟုတ်လား။

ဘာစကားမှထပ်မပြောဘဲ ပုဆိုးနဲ့အင်္ကျီကိုသာ
သေသေခြာခြာခေါက်ပေးပြီးကုတင်ပေါ်တက်ကာ
သွားအိပ်လေသည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now