Part ( 32 )

5.2K 265 5
                                    

Unicode

" ဒီနေရာအခင်းတွေ အကုန်လဲလိုက် ''!

" ပြီးတော့ဒီနေရာကောဘဲ ''

" ဟိုတစ်ယောက်..ဒီနေရာကရေတွေ
သေခြာသုတ်စမ်း''!!

မနေ့က ကျုပ်ကိုယ်ဝန်ရှိတယ်ဆိုတာသိပြီးနောက်ပိုင်း
စံအိမ်တစ်ခု့လုံးအလုပ်သမားတွေနဲ့
ပြည့်နေတော့လေသည်။

ချောလဲစေမဲ့နေရာမှန်သမျှမှာလည်း
စျေးကြီးတဲ့ကောဇောထည်တွေက
အပြည့်။

လှေကားထစ်တွေထံလည်း.
ချောလဲစေမဲ့ရေတစ်စက်ပင်အကျမခံ။
ကျတာနဲ့တန်းသုတ်ခိုင်းသည်။

အမျိုးသားကိုယ်ဝန်ဆောင်ဆိုတာသေမင်းနဲ့
စစ်ခင်းတာဘဲဆိုတဲ့စကားကြောင့်လားမသိ
အလုပ်သမားမရှိတဲ့အိမ်ကြီးဟာ
အလုပ်သမားတွေတစ်ခအတွင်းပြည့်နက်လို့
လာသည်။

ဒါမှလဲကျုပ်တစ်ခု့ခု့ဖြစ်ရင်
တစ်ယောက်မဟုတ်တစ်ယောက်အလွယ်တစ်ကူ
မြင်နိုင်မှာလေ။

" ဒီနေရာကိုပြင်လိုက်.. ခလုတ်တိုက်စေမဲ့
တန်းတွေအကုန်ဖြုတ်ပစ်ပြီး
သွားရလာရလွယ်အောင်လုပ်''

" ဟုတ်ကဲ့ အရာရှိမင်း ''

အကုန်လုံးကဦးစျာန်အမိန့်ပေးတဲ့အတိုင်း
တစ်ယောက်တစ်လုပ်နဲ့အလျှင်အမြန်လုပ်သွားကြသည်။

" ဦးစျာန် ''

ဝတ်ထားတဲ့အကျီ်အနောက်ဘက်ကအောက်စကို
ဆွဲပြီးတိုးတိုးလေးခေါ်လာတဲ့ကောင်လေး။
လှည့်ကြည့်တော့သူလေးက
ကိုယ့်ရင်ဘတ်လောက်ရှိတဲအရပ်ကလေးကနေ
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်နေလေရဲ့။

" ဟို.. အရမ်းပိုတယ်မထင်ဘူးလား''

မေးပုံက။
ကျုပ်တစ်ချက်ပြုံးလိုက်၏။

ကျုပ်လုပ်နေတာတွေကြောင့်သူလေး
အလုပ်သမားတွေကြားနေရခက်နေရှာတယ်
ထင်ပါ ၏။

" လိုအပ်လို့ပါ.. ကိုယ်လုပ်နေတာတွေက
ကိုယ့်အတွက်တော့လိုတောင်လိုနေတယ်
ကိုယ်ကလေးပေါက်ကိုဘားမှအဖြစ်မခံနိုင်ဘူး
ဒါကြောင့်တစ်ခု့ခု့
ဖြစ်လာနိုင်မဲ့အရာတွေကို မဖြစ်ခင်ကတည်းက
ရှင်းပစ်နေတာ.. မဟုတ်ရင်ဖြစ်ပြီးသွားရင်
ကိုယ်ဘဲရင်ကျိုးရမှာ..နောက်ပြီး
ဘယ်သူ့ရှေ့မှာမှနေခက်စရာမလိုဘူး
သိလား..သူတို့တွေအားလုံးက..
ကိုယ့်အလုပ်သမားတွေ..ကလေးငယ်ကအရှင်သခင်မို့
ခေါင်းမော့ရင်ကော့ပြီး..နေနော်''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now