Part ( 21 )

5.2K 256 5
                                    

Unicode

" ဘာသတင်းရခဲ့လည်း ''

" မြို့အလွန်ပတ်လမ်းမှာ မှောက်တာပါ
အရာရှိမင်း.. ဖမ်းမိတဲ့ဓားပြခေါင်းဆောင်
ကောကားပေါ်ပါသွားတဲ့ ရဲဘော်တွေကော
သေသွားပါတယ်.. ''?

'' တိမ်တိုက်လင်းညို ကော ''

'' ရထားဘူတာ မှာဘဲ..ကျုပ်တို့ပြန်ဖမ်းမိ
ထားပါတယ်..အခု့တော့.မြို့ကအရာရှိမင်းရဲ့
စံအိမ်တော်မှာပါ''

" သွားတော့.. ''!

မင်းထက်ဇော်ထွက်သွားတော့..
ဧက္ကရာဇ်မင်းစျာန်..ပွတ်ချွန်းလိပ်ကို
ငုံခဲလိုက်သည်။

ပြေးခြင်တာပေါ့အပုလေး။ဘယ်လောက်ဝေးဝေး
ပြေးနိုင်မှာမို့.. အရဲစွန့်ရတာလား။
မင့်ယောကျာ်းက မင်းကြီး( မြို့အုပ် )တစ်ပါး..ဆိုတာများ
မေ့ရော့သွားဒါလား။.

စောင်ပုံထဲကထွက်သွားတဲ့ကလေးကို
စိတ်ကြိုက်လုပ်ဖို့အသာလေးမှိန်းကြည့်
နေလိုက်တာ။စက်လှေမောင်းပြီး
ထွက်ပြေးတဲ့ကလေးကရွာကပါထပ်ထွက်
ပြေးသတဲ့လား။ရရိုးလားကွာ။မင်းတစ်ပါးရဲ့
နှလုံးသားကိုအရယူပြီးထွက်ပြေးတာ
သိပ်ကိုအပြစ်ကြီးလွန်းသွားပြီ။

အဖေကိုမုန်းပေမဲ့သားကိုချစ်နေတဲ့
ကျုပ်အရာရာကိုအလျော့ပေးရတော့မှာဘဲ။
တမလွန်ကသူကြီးနဲ့သူဌေးကတော်
ကျုပ်လုပ်ရပ်ကိုနားလည်ပေးကြဖို့မျှော်လင့်ပါတယ်။

" ကိုဇော်.. ဓားပြပို့တဲ့ ကား.မှောက်လို့ဆို''

စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့မေးလာတဲ့ကောင်လေး။
မင်းထက်ဇော်တည်ငြိမ်စွာနှင့်။

" အင်.. ကားပေါ်ပါတဲ့လူအားလုံး
သေကုန်ကြတယ်..ပတ်လမ်းဆိုတော့.
တော်တော်ဆိုးဆိုးဝါးဝါးဘဲ''

" ဗျာ..ဒါ..ဒါဆို...အောင်ကြီး..
အောင်ကြီးကောလား''?

" ဘာ...! အောင်ကြီးပါသွားတာလား..
ဟာ..ဒါကြောင့်လူစုစု့ပေါင်းခြောက်ယောက်လို့ပြောတာ
သွားပါပြီကွာ''!

မင်းထက်ဇော်.ဘားမှမသိတဲ့လူတစ်ယောက်လို
အော်ဟစ်လိုက်တော့မြေပြင်ပေါ်
ခွေကျသွားတဲ့ကောင်လေး။မျက်ဝန်းမှာ
မျက်ရည်တွေအပြည့်ဖြင့်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now