Part ( 10 )

5.9K 293 6
                                    

Unicode

ဧက္ကရာဇ်မင်းစျာန် မျက်လွှာအစုံကိုမှိတ်ချလိုက်သည်။
ပွက်ပွက်ဆူနေတဲဟင်းအိုးကတစ်ဖြည်းဖြည်းနဲ့
အရောင်တောက်နေတဲ့မီးအရှိန်ကြောင့်
ခမ်းခမ်းခြောက်လာပြီ။

ကိုယ်တိုင်ချလိုက်ဖို့လည်းအတွေးမဝင်မိ။
ဒေါသကဘဲငယ်ထိတ်ရောက်နေပြီထင်။
ဟိုဘိုးတော်ကြောင့်ဒေါသထွက်လာပါတယ်ဆို
အိမ်ရောက်တော့လည်းထပ်ဆင့်ဒေါသ
ထွက်စရာကအတိ။

အပြင်မထွက်ဖို့မနေ့ကမှပူပူနွေးနွေး
သူမှာခဲ့သေးတယ်။စကားနားထောင်ချက်က
အိမ်မှာအရိပ်အရောင်တောင်မတွေ့ရတဲ
အထိဘဲ။

တိမ်တိုက်လင်းညို.. တိမ်တိုက်လင်းညို။
မင်းကငါ့ကိုသွေးတိုးလာစမ်းနေတာဘဲ။

ဧက္ကရာဇ်မင်းစျာန် အိမ်ပေါ်ကနေဆင်းလာပြီ
အိမ်ရှေ့မှာရှိတဲ့သရက်ပင်ကြီးအောက်မှာ.
အဲ့သောက်ကလေးပြန်အလာကိုထိုင်စောင့်နေလိုက်သည်။

ကြိမ်းသေပေါက်သူ့မျက်နှာဟာ
တည်ငြိမ်ပြီကြောက်စရာကောင်းနေ
လိုက်မည်။

တစ်ဖက်က မသောက်ရတာကြာတ့ဲထန်းရည်ကို
မက်မက်မောမောသောက်နေတဲ့ကောင်လေး
မိုးချုပ်တော့ခေါင်းပင်မဖော်နိုင်တော့။

'' သူကြီးသား..မူးပြီအောင်ကြီး..''

'' သူကြီးကိ​ု သွားခေါ်လိုက်သားစိုး
ကျုပ်အရင် သူကြီးသားကို ထန်းတောက
ခေါ်သွားလိမ့်မယ်.. တော်ကြာသူကြီးပြောတဲ့
သူကြီးသားယောကျာ်းရောက်လာမှာစိုးလို့''

'' အေ.. ဒါဆိုငါသွားပြီ''

အမှန်တော့အောင်ကြီးနဲ့သားစိုးက
အကြံနဲ့သူကြီးသားကိုထန်းရည်သောက်
သွားခေါ်ခြင်း။သူကြီးရဲ့စေခိုင်းမှု့​ကြောင့်လဲ
ပါသည်။သူကြီးသားကိုမူးအောင်တိုက်ပြီး
အဝေးပို့ဖို့ကသူကြီးအကြံ။

အောင်ကြီး သူကြီးသားကို
တွဲပြီးထန်းတောကထွက်လာခဲ့သည်။

ရွာလမ်းအတိုင်းမဟုတ်ဘဲ
ချောင်းလုံချောင်းရိုးဘက်ခေါ်လာခဲ့ခြင်း။

ကွင်းလကွင်းနေလစေတီတော်အလွန်
သင်းချိုင်းဘက်တွဲခေါ်လာလိုက်ပြီး
သုတ္တန်ဇရပ်ပေါ်တင်လိုက်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now