Part ( 44 )

4.8K 247 7
                                    

Unicode

" အရာရှိမင်း ဘုရားစာရွတ် ''

" ဟ မင်းရွတ်ပါလား ''?

" ဗျာ..  ကျုပ်ရွတ်ရအောင် တိမ်တိုက်လင်းညိုက
ကျုပ်အမျိုးသားပါ့မဟုတ်ဘဲဗျ..
အရာရှိမင်း အမျိုးသားလေ အရာရှိမင်းဘဲ
ရွတ်ပေါ့ဗျ... လုပ်ပါဗျာ တိမ်တိုက်ကမွေးနေတာ
အန္တရာယ်များတယ်ဗျ ''

" ငါ..ငါ..ဘုရားစာမရဘူး..ဘာရွတ်ရမှာလဲ''

" ဟမ် ''!

သေစမ်းကွာ....!

မင်းထက်ဇော် ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်လိုက်မိ
မိတော့သည်။

သူရူးတာ။အရာရှိမင်းဘုရားစာမရတာ
သူသိနေတဲ့ကိစ္စကို။ ဘုရားရှိခိုးရင်တောင်
ဦးသုံကြိမ်ကလွဲကျန်တာဘားမှမလုပ်တဲ့
လူကိုဘုရားစာသွားဆိုခိုင်းမိတာ
သူကိုယ်ကမှားတာ။

" အရာရှိမင်းဗျာ.. ကိုယ့်အမျိုးသား
မွေးမှာကိုကြိုက်ကြိုက်မကြိုက်ကြိုက်
ဘုရားစာတော့ ကျက်ထားရမှာပေါ့ဗျ''

" ဟေ့ကောင် မင်းထက်ဇော်..
ငါ့ကိုဆရာလာလုပ်နေတာလား
မင်းငါ့အစားကျက်ထားပေးတော့
သေသွားမှာမို့လား''?

" ဗျာ..အရာရှိမင်းရာ..
အရာရှိမင်းအစားကျွန်တော်ကျက်ပေးလို့
ရတဲ့အမျိုးမှမဟုတ်ဘဲဗျာ..''?

" ရရ မရရ ကျက်ထားပေါ့
အခု့ရတဲ့စာဆိုလိုက် လုပ်..  ငါ့
ကလေးငယ် အန္တရာယ်ရှိနေတယ်
မြန်မြန်ဆို ''?

" ဟာဗျာ ''!

မင်းထက်ဇော် ခေါင်သာကုတ်လိုက်ရ၏။

ဘယ်လိုလုပ် ဒီလိုအရာရှိမင်းမျိုးထံမှာ
သူအလုပ်လုပ်နေမိပါလိမ့်။
သူ့ယောကျာ်းကလေးမွေးတာကို
ကိုယ်ကဘုရားစာဆိုပေးရတယ်လို့။

" ခင်များတို့ ဒီနေ့ကော ဘုရားရွတ်ကြအုန်းမှာလား
အထဲမှာတိမ်တိုက်ကအန္တရာယ်နဲ့ရင်ဆိုင်နေ
ရတယ် ခင်များတို့နှစ်ယောက်က စကားများ
ကောင်းနေလိုက်..ဘုရားစာမဆိုနိုင်လည်း
တိတ်တိတ်နေကြ..လွမ်းဟာလွမ်းရွတ်မယ်''

ဘုရားစာကိုဘယ်သူရွတ်ရွတ်အဆင်ပြေနေတဲ့
ကိစ္စ ကို စကားလာများနေကြတယ်။
လွမ်းစိတ်တိုကာအရာရှိမင်းလည်းမသိဘူး
အော်ပစ်လိုက်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now