Part ( 30 )

4.8K 270 11
                                    

Unicode

တိမ်တိုက်လင်းညိုအိပ်မပျော်တာ
ရက်အတော်ကြာနေလေပြီ။
ပြောရရင်ဦးစျာန်ခရီးစထွက်တဲ့နေ့ထဲကဆို
ပိုမှန်သည်။

ခဏဘဲဆိုတဲ့ဦးစ​ျာန်က။အခု့ဆိုခရီးထွက်သွားတာ
တစ်ပတ်ပင်ပြည့်လု့လု့။ဘယ်တွေသွားပြီး
ဘာအလုပ်တွေလုပ်နေမှန်းမသိဘဲမျှော်နေရသူက
မေးမငေါ့ငေါ့ဖြင့်သာ။

ဒီနေ့လည်းအိပ်ရေးပျက်ပါများလို့ထင်သည်။
နိုးကတည်းကခေါင်းကမကြည်ပေ။
တစ်ဆစ်ဆစ်ကိုက်နေတဲ့အပြင်
ရင်ထဲကပါနေလို့မကောင်းတာမို့
အလိုမကျတဲ့စိတ်တွေကြီးသာထပ်ခါတစ်လဲ
လဲဖြစ်ပေါ်နေ၏။

" အရာရှိကတော်..နေမကောင်းဘူးလား''

သန့်ရှင်းရေးလုပ်နေတဲ့ကြီးတော်အမေးကို
တိမ်တိုက်လင်းညိုခေါင်းငြိမ့်ပြီး
နီးစပ်ရာထိုင်ခုံမှာထိုင်လိုက်သည်။

ထိုင်ခုံရဲ့အရှေ့တည့်တည့်မှာတော့
မားမားမတ်မတ်ကြီးရှိနေတဲ့သရက်ပင်ကြီးပေါ့။

မှည့်စဖြစ်နေတဲ့သရက်သီးကမနက်အစောကြီး
မိုးရွာထားတဲ့အရှိန်ကြောင့်အညစ်အကြေးမရှိ
ပြောင်လက်နေသည်မှာသရေယိုခြင်တဲ့
အထိပင်။

ကိုယ်တိုင်အပြင်ပြေးထွက်ပြီးခူးလိုက်ခြင်ပေမဲ့
ဒီလိုခေါင်းမူးနေပုံနဲ့ခူးလို့တော့မဖြစ်သေး။
တော်ကြားသရက်သီးမစားရသေးခင်
ပြုတ်ကျ​ေသနေမှဦးစျာန်အနားမှာမနေရ
ဖြစ်ပေတော့မယ်။

" ဒေါ်ကြီး.. ''

" ဟုတ်ကဲ့ အရာရှိကတော်.. ကျွန်မဘာလုပ်ပေးရမလဲ
ရှင့်''

လက်ထဲကသန့်ရှင်းရေးလုပ်နေတဲ့အဝတ်စကို
​ချပြီးထိုင်နေတဲအနားလျှောက်လာတဲ့
ဒေါ်ကြီး။

" ဟို.. ကျုပ်.. ကျုပ်သရက်သီးစားခြင်လို့''

" ရှင်.. ''

" ဟီး..ခူးပေးလို့ရမလားဟင်..ဟို
ခူးမရရင်လဲ..လမ်းရှေ့ထွက်ဝယ်ပေးလည်း
အဆင်ပြေပါတယ် အခု့ကျုပ်အရမ်းစား
ခြင်နေလို့..ကူညီပါဒေါ်ကြီး..
ကျုပ်..ဦးစျာန်ပြန်လာရင်မုန့်ဖိုးပေးပါ့မယ်
ဟိုအခု့လောလောဆယ်တော့
လက်ထဲပိုက်ဆံမရှိလို့''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now