Part ( 20 )

4.9K 250 3
                                    

Unicode

" ဦးစျာန်က..ဘိန်းစိုက်တယ်''??

တိမ်တိုက်လင်းညို.နန်းလိပ် ဘက်ရောက်နေတာ
နှစ်ရက်ရှိပြီ။ပုံမှန်ဆိုလူသိပ်မရှိတဲ့ဒီ
ခြုံနွယ်တောကြီးမှာလူတွေကပေါများနေတာ။

အားလုံးကရုပ်ကြမ်းကြီးတွေဖြစ်တဲ့အပြင်
အဲ့လူအားလုံးရဲ့ခန္ဓာကိုယ်မှာတူညီတဲ့အနံ့
တွေရတယ်။

အားလုံးကချောင်းလုံရွာသားတွေမဟုတ်တဲ့
အပြင်ဦးစျာန်ကိုရိုသေလေးစားကြတယ်။
အရာရှိမင်းလို့လည်းခေါ်ကြတယ်။

ဦးစျာန်အဝေးပို့လိုက်တယ်ဆိုတဲ့
အောင်ကြီးနဲ့သားစိုအပြင်ဒီမှာရှိတဲ့
လူအားလုံးကိုသူမသိဘူး။

ဦးစျာန် ဒဏ်ရာသက်သာနေပြီဖြစ်ပေမဲ့
ကိစ္စရှိသေးတယ်ဆိုတာကြောင့်မပြန်ဖြစ်​သေးဘဲ
နန်းလိပ်မှာသူတို့ဆက်ရှိနေတာ။

မိုးလင်းတာနဲ့ထမင်းစားသောက်ပြီး
မိုးချုပ်မှပြန်လာတဲ့ထိုလူတွေကို
အခန့်မသင့်ရင်ဦးစျာန်ဆူဆူတတ်သေး။

အထင်မမှားရင်အဲ့လူတွေအားလုံးက
ဦးစျာန်အလုပ်သမားတွေ။

ဒါဆိုဦးစျာန် ဒီလိုတောခြုံမှာဘာမလုပ်လုပ်တာလဲ။

ဦးစျာန်ကိုမမေးရဲတာကြောင့်
သူငယ်ချင်းဖြစ်တဲ့အောင်ကြီးကိုမေး
ရခြင်း။

သိခြင်စောနဲ့မေးပေမဲ့ သိရပြန်တော့
ရင်ထဲဆို့နစ်စရာ။
ဒီလိုလှပတဲ့ဒေသကိုဦးစျာန်
ဘာတွေလုပ်နေတာလဲ။

" အရာရှိကတော်..အရာရှိမင်းရှာနေပါတယ်''

ကသက်ပင်အောက်မှာ
အောင်ကြီးပြောခဲ့တဲ့ဦးစျာန်
အလုပ်အကြောင်းကိုတွေးနေမိတုန်း
လာခေါ်တဲ့အလုပ်သမားတစ်ဦး။

" သူကဘယ်မှာလဲ ''?

" တဲပေါ်မှာပါ.. ကျုပ်ကိုခွင့်ပြု့ပါအုန်း''

လာခေါ်တဲ့လူထွက်သွားတာနဲ့
ကသက်ပင်အောက်ကသူလည်းထွက်ခဲ့လိုက်သည်။

တဲပေါ်ရောက်တော့ ဦးစျာန်ကသူ့လက်စွဲတော်
( ပွတ်ချွန်း)  လိပ်ကို တည်တည်ငြိမ်ငြိမ်သောက်နေတယ်။
ခေါင်မိုးနဲ့ အိပ်တဲ့နေရာ လူတစ်ရပ်လွှတ်ရုံသာ
မြင့်တဲ့အတွက်..မတော်တဆ ဆေးလိပ်မီးကြောင့်
ရုံအမိုးကိုမီးလောင်သွားနိုင်တာ
ဦးစျာန်မသိဘူးလား။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now