Unicode
သူများမှာအိပ်ရလို့ပင်မသိ။
ညကတစ်လုံးနီးပါး..တိမ်တိုက်လင်းညို
အိပ်မပျော်ခဲ့။ဦးစျာန်သည်လည်းထို့နည်းတူ။
အိပ်လို့မရခဲ့ရှာ။အကြောင်းအရင်းကတော့
ကျုပ်ကြောင့်။ကျုပ်ကိုရင်ခွင်ထဲ
သွင်းထည့်အိပ်ထားတဲ့အတွက်..
ကျုပ်အိပ်မပျော်လို့
တစ်ချက်လှုပ်နိုးသွားတိုင်းအအိပ်ဆက်တဲ့
ဦးစျာန်ကနိုးလာတော့သည်။အိပ်မပျော်ဘူးလားဆိုတဲ့ဦးစျာန်အမေးကို
ခေါင်းငြိမ့်ပြတော့။နောက်တစ်ခါ..သူများအိပ်မှာမအိပ်ခိုင်း
တော့ဘူးလို့တောင်ကတိပေးလိုက်သေး။သူများအိမ်။..အင်အရင်ကလည်း
ကျုပ်ဦးစျာန်အိမ်ကိုစရောက်စက
သူများအိမ်မို့အိပ်မပျော်တာမျိုးမဖြစ်ဖူး
ပါဘူး။အခု့များကြဘာလို့ဘာလိမ့်။
" အိပ်ချင်နေပြီလား..
ခဏစောင့်နော်..ကိုယ်တို့ ရဲမင်းကြီးတို့
ဇနီးမောင်နှံကိုနှုတ်ဆက်ပြီးပြန်ကြမယ်..
အိပ်ရောက်မှတစ်ဝကြီးအိပ်..ဟုတ်ပြီလား''ခေါင်းငြိမ့်ပြရင်း..အိပ်ချင်စိတ်ကြောင့်
အာပါသန်းတော့ရယ်လာတဲ့ဦးစျာန်။ရယ်လည်းရယ်ပေါ့။အိပ်ချင်စိတ်ကို
ကျုပ်ပါ့မထိန်းနိုင်တာ။" ဒေါက်.. ဒေါက်.. ဒေါက် ''
တံခါးခေါက်သံကြောင့်
ဧက္ကရာဇ်မင်းစျာန်တံခါးသွားဖွင့်လိုက်သည်။လက်ထဲမှာရေဇလုံလေးတစ်လုံးစီ
ကိုင်ပြီးရပ်နေကြတဲ့အမျိုးသမီးနှစ်ဦး။တစ်ဘက်တစ်ထည်စီကိုလည်း
ခွက်နံဘေးမှာခေါက်တင်ထားသေး၏။" မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော့အတွက်
မျက်နှာသစ်ရေပါ''" အင်.. ဝင်ထားလိုက်''
ဦးစျာန်အသံကခုဏကကျုပ်ကိုပြောနေတာနဲ့
လားလားမျှမတူ။တည်ကြည်ပြီးအေးစက်လွန်းသည်။အမျိုးသမီးနှစ်ယောက်ပြန်ထွက်သွားမှ
တည်နေတဲ့ဦးစျာန်မျက်နှာပြန်ပြင်သည်။"ဦးစျာန်က.. အခြားသူတွေကို
အဲ့လိုဘဲဆက်ဆံဒါလား''?" ဒါကိုယ့်ပုံမှန်နေထိုင်မှု့ဘဲ..
မင်းလေးမို့ဒါ..ကိုယ့်အပြုံးအရယ်တွေမြင်ရတာ''
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...