UnicodeUnicode
ဧက္ကရာဇ်မင်းစျာန် ရွာနောက်ကျောတစ်လျှောက်
ပတ်ကြည့်ပြီးပြန်လာတော့ညနေမိုးချုပ်နေလေပြီ။ရေချိုးဖို့ရေလဲပုဆိုးတက်ယူတော့
စောင်ပုံကြားထဲလုံးထွေးပြီးအိပ်နေတဲ့
တိမ်တိုက်လင်းညို။မဟုတ်မှသူဆူပြီးကတည်းကအိပ်နေတာများလား။
ကျန်းမာရေးမကောင်းဖြစ်တော့မှာဘဲ။ချက်ခြင်းနိုးသွားခြင်ပေမဲ့တော်ကြာအခု့မှ
အိပ်ပျော်သွားတယ်ဆို အိပ်ရေးမဝဘဲ
ခေါင်းမူးခေါင်းကိုက်ဖြစ်မှာစိုးတာ
ကြောင့်ပုဆိုးတာယူပြီး
အိမ်အောက်ပြန်ဆင်းလာလိုက်သည်။ကန်ရောက်တော့ရေကန်ထဲမှာ..ရေက
တစ်စက်မှမရှိ။"သောက်. ကလေး..ရေကုန်အောင်
ချိုးထားဒါဘဲ''ဒီရေနဲ့ရေဆက်ချိုးလို့လည်း
ရမှာမဟုတ်တာကြောင့်ဒီအတိုင်းသာ
ပြန်တက်လာရသည်။မိုးချုပ်နေပြီဖြစ်တာကြောင့်ချောင်းဘက်လည်း
သွားမချိုးခြင်။ရေထမ်းတဲ့လူလည်း
ဒီအချိန်ရှိမှာမဟုတ်။တစ်ရက်တစ်လေတောက်ရေမချိုးဘဲ
မနေခြင်တဲ့သူ။တိမ်တိုက်လင်းညိုဆိုတဲ့
ကောင်လေးနဲ့ညားမှရေမချိုးရတဲ့ဘဝကို
ရောက်ရသည်။" အရာရှိမင်း.. ! အရာရှိမင်းရှိလားဗျ ''!
ဘယ်သူလဲ အော်ကြီးဟစ်ကျယ်နဲ့။
အိမ်ပေါ်ကကိုငပုလန့်နိုးတော့မယ်။" ဘယ်သူလဲ ''!
အရပ်ရှည်ရှည်ပိန်ပိန်နဲ့ကောင်လေးတစ်ဦး။
" ကျုပ်ကဘတိုးပါဗျ... ဆရာတော်ဘုရားက
အရာရှိမင်းကိုမနက်ဖြန်မနက်ကျောင်းကိုလာဖို့
ပြောခိုင်းလိုက်လို့ပါ''" ဘာကိစ္စနဲ့လည်း..''!
" ဗျာ..''
" လာခဲ့မယ်ဗျ.. ကိုဘတိုး..လာခဲ့မယ်လို့
ဆရာတော်ကိုပြောပေးအုန်းနော်''ဘယ်အချိန်နိုးသွားလဲမသိတဲ့ကောင်လေး။
အနောက်ကနေသူဘားမှမပြောရသေး
လာခဲ့မယ်ကြီးလုပ်နေသည်။" အင်. အင်..သူကြီးသား''
သူကို အင်းတင်းတင်းကြည့်ပြီး
ပြန်သွားတဲ့လောရှည်ကောင်။သူလိုလူက
များအရာရှိဖြစ်တဲ့ငါ့ကိုကြည့်တဲ့အကြည့်က။
မောင်တစ်ခါတင်ရုံနဲ့ကိစ္စချောမဲ့ဟာမျိုး။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...