Part ( 29 )

6.9K 303 10
                                    

Unicode

" မြို့အုပ်မင်း.. ''

မပြန်ပါနဲ့အုန်းဆိုတဲ့ လက်ထောက်ရဲမင်းကြီးရဲ့
အမျိုးသမီးတောင်းဆိုမှု့ကြောင့်
ညနက်နေတာပင်.. ကျုပ်တို့မပြန်ရ​သေး။

အချိန်လည်းနှောင်းနေပြီမို့..
ကျုပ်တို့နှစ်ဦးလုံးလက်ထောက်ရဲမင်းကြီးအိမ်မှာသာ
ဧည့်လုပ်ဖို့ဆုံးဖြတ်လိုက်ရသည်။

စောင်တွေခေါင်းအုန်းတွေခင်းကျင်းပေးနေတဲ့
အိမ်ဖော်အမျိုးသမီးတွေကြား..
အလုပ်ရုပ်​နေတဲ့ကျုပ်ရဲ့အသည်းသက်ညာ
အပုလေး။

အလုပ်သမားတွေကိုအားနာပြီး
သူကိုယ်တိုင်ဝင်ခင်းနေလေရဲ့။

ရပ်ကြည့်နေတဲ့ကျုက်နောက်ကျောကို
လက်အသာတို့ပြီးအခန်းထဲကခေါ်ထုတ်
လာသူကတော့လက်ထောက်ရဲမင်းကြိီးသာလျှင်။

အခန်းထဲကလူသံတွေမကြားရလောက်တဲ့
အခန်းတစ်ခု့ထဲ..ခေါ်လာသည်။

မှောင်မဲနေတဲ့အခန်းကိုအလင်းရောင်တောက်နေတဲ့
မီးအိမ်တစ်လုံးကအလင်းဝေအောင်
ပေးထား၏။

အခန်းနံရံမှာကပ်ထားတဲ့သတင်းစာအပိုင်းအစတွေ
ရုက်တူပန်ချီကားတွေ။ဓာတ်ဖမ်းထားတဲ့
ပုံတွေ။

ရှုပ်စလိ ကိုခတ်နေသည်။

ပုံတွေအားလုံးကိုသေခြာကြည့်မှ
ကျုပ်အခု့လိုက်နေတဲ့ဓားပြမှု့ရဲ့
ကွင်းဆက်တွေမှန်းနာလည်တော့သည်။

ဓာတ်ဖမ်းထားတဲ့ပုံတွေထဲ..
တစ်ချို့ပုံတွေကနှစ်ကြာနေပြီဖြစ်တဲ့
ထောင်ထွက်တစ်ယောက်ရဲ့ပုံ။

" သိက္က.. ဒါ.. ''ဧဒီဝေ.. '' လူသတ်မှု့ရဲ့
ကွင်းဆက်လူသတ်သမားမလား..
ဒီလူက..လွန်ခဲ့တဲ့တစ်နှစ်ကမှထောင်ကျနေရာက
လွှတ်တာ.. အခု့ဓားပြမှု့နဲ့ဆက်စပ်နေ
လို့လားမင်းကြီး''

" ဆက်စပ်နေတာမဟုတ်ဘူး..မြို့အုပ်မင်း
ဒီလူက..ပတ်ကိုပတ်သက်နေတာ..
အခု့ဓားပြမှု့တွေကျူးလွန်နေတဲ့
ဓားပြဗိုလ်မောင်ထွဋ်ဟာ..ဦးသိက္က
ဖြစ်ဖို့များတယ်ဗျ.. ကျုပ်ကိုပေးတဲ့
စုံထောက်ကြီးရဲ့သတင်းပေးချက်အရတော့
၁၀၀ မှာ.. ၈၀%လောက်ကသေခြာတယ်ဗျ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now