Part ( 38)

4.1K 217 7
                                    


Unicode

မနေ့ကညကအခြေအနေကြောင့်
နှစ်ဖက်လုံးတော်တော်အထိနာသွားကြသည်။

မင်းထက်ဇော်ဒဏ်ရာရတဲ့အလုပ်သမားတွေကို
ဆေးကု့သရာဘက်လိုက်စစ်ဆေးပြီး
သူတို့နေတဲ့တဲအိမ်ဘက်ပြန်လာခဲ့လိုက်သည်။

ကိုမျိုးနိုင်လည်း လက်မှာဓားထိထားသည့်အတွက်
ပတ်တီးစည်းလျှက်သား။

ကျုပ်ကတော့ဝမ်းဗ်ိုက်နားအနည်းငယ်
ထိခိုက်မိပြီးနှစ်ချက်လောက်ချုပ်လိုက်ရသည်။

" အခြေအနေဘယ်လိုလည်း ''?

" အားလုံးကို ကုသနေတယ်
ကြီးကြီးမားမားထိခိုက်တဲ့နှစ်​ယောက်ကိုတော့
မြို့ဆေးရုံကိုလွှဲလိုက်ပြီ..ပြသနာဖြစ်မှာတော့
ပူစရာမလိုပါဘူး..အရာရှိမင်းက.
ဆေးရုံကိုလမ်းကြောင်းရှင်းပေးထားပြီးသားမို့..
ဒါနဲ့ ကိုမျိုးနိုင် လက်ကအဆင်​ပြေလား''?

" ကျုပ်ကအဆင်ပြေတယ် ခင်များသာ
ဗိုက်ထိထားလို့ဂရု့စိုက်ရမှာ..
ဒီပုံအတိုင်းဆို သူတောင်စားကြီး
ကျုပ်တို့ကိုအခဲကြေမဲ့ပုံမရှိဘူး..ရွာထဲက
ထွက်ပြေးလို က်
ပြီဆိုတော့သူ့ဓားပြအဖွဲ့တွေနဲ့
ပေါင်းပြီးဒီရွာကိုတစ်ခု့ခု့လုပ်လိုက်မှာစိုးရတယ်.
ကျုပ်တို့ဘက်ကဟာကွက်မရှိအောင် ရွာကို
ကာကွယ်ဖို့လိုပြီ မင်းထက်ဇော်..အရာရှိမင်းဆီ
အကြောင်းကြားပြီး ဂတ်ကလူအချို့ဒီပို့ဖို့
ပြောရမှာဘဲ..ကျုပ်တို့ကြီးဘဲဆို ကာကွယ်နိုင်ဖို့ဘဲ
လုံလောက်မယ် အဲ့လူတွေကိုအမိအရဖမ်းဖို့မလုပ်
နိုင်လောက်ဘူး''

ကိုမျိုးနိုင်ပြောစကားကိုမင်းထက်ဇော်
ခေါင်ငြိမ့်၍ထောက်ခံလိုက်၏။

" ကျုပ်တို့ သိပ်ညံ့သွားတယ် ဦးသိက္ကကို
မမိတောင် နှောင်းခက်နွယ်ကို မိလိုက်သင့်တာ
ဒါမှပြသနာတစ်ဝက်အေးသွားမှာ အခုတော့
ဦးသိက္ကကိုလည်းဖမ်းခြင် သူမကိုလည်း
ဖမ်းခြင်.ကျုပ်တို့ ဗျာများသွားရပြီ''

" ဖမ်းဖို့မဟုတ်ဘူး မင်းထက်ဇော်
သူမကိုက တွေ့တဲ့နေရာမှာသတ်ရမှာ''

ကြောက်စရာကောင်းအောင်
သွေးအေးစွာထွက်ပေါ်လာတဲ့
စကားကြောင့်မင်းထက်ဇော်အနည်းငယ်တောင်
လန့်သွားသည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now