Part ( 13 )

8.4K 382 5
                                    

Unicode

" တိမ်တိုက်လင်းညို ''!!

" ခင်များ..သိပ်လွန်လွန်းတယ်ဗျာ..
ဘာလို့ ကျုပ်အဘကို လုပ်ရက်ရတာလဲ
ကျုပ်အဘမှာဘာအပစ်ရှိလို့လည်း..
ကျုပ်ဘဝတစ်ခု့လုံးစုတ်ပြတ်သတ်အောင်
လုပ်နေတာတောင်ခင်းများမပြေနိုင်တဲ့
အငြိုးအတေးကဘာလဲ..
ကျုပ်ကိုပြောဗျာ..ကျုပ်ကျေအောင်ဆပ်မယ်
ကျုပ်အဘနဲ့ကျုပ်အမေကိုတော့
ကျေးဇူ့ပြု့ပြီးခင်များဒုက္ခမပေးပါနဲ့တော့''

" ဘာ.. !! ဒုက္ခပေးတယ် ''

ဧက္ကရာဇ်မင်းစျာန် ဒေါသအလိပ်လိုက်
ထွက်လာပြီးသူ့အပေါ်ကခွထိုးနေတဲ့
ကောင်လေးကိုဆွဲလှည့်ကာတစ်ဖတ်အပေါ်က
သူအုပ်မိုးလိုက်သည်။

" ခင်းများ.. ကျုပ်ကိုလွှတ် ဦးစျာန်''

" ငါက..ဒုက္ခပေးတယ် ဟုတ်လား..
ဟက်.. !! မင်းတို့မိသားစု့ကမှ
ငါ့အတွက်အကြီးစားဒုက္ခဆိုတာ
မင်းသိရဲ့လား.. မင့်တို့မိသားစု့ကြောင့်
ငါ့ဘဝတစ်စစီစုတ်ပြတ်သတ်ခဲ့တာကော
မင်းသိရဲ့လား.. ? မသိဘဲနဲ့..
စွတ်စွဲချက်တွေမများနဲ့တိမ်တိုက်လင်းညို
အခု့မှတောင်တင်စရှိတဲ့ငါ့အငြိုးတွေကို
ကပါးပြိုတဲ့အထိလာမနိုးဆွနဲ့..
တစ်မိသားစုလုံး.. သေသွားမယ် ''

" သတ်ပစ်လိုက်ဗျာ..သတ်ပစ်လိုက်..
ကျုပ်အသွေးသားတွေကို စုတ်ယူပြီး..
ကျုပ်အဘနဲ့အမေကိုဒုက္ခပေးတဲ့ခင်များနဲ့
တစ်လောကထဲအတူမနေခြင်ဘူး''

" ဘာ.. !! "

တစ်လောကထဲအတူမနေခြင်ဘူး။

ကြောက်ဖို့ကောင်းလွန်းတဲ့ဒီစကား။
ခုနှနှစ်သာရှိသေးတဲ့ကောင်လေးတစ်ယောက်။

စုတ်ပြတ်နေတဲ့အဝတ်အစား။ဘယ်သူမှမမြင်ခြင်အောင်
ပိန်လီနေတဲ့သူ့ကိုဘယ်ဆွေမျိုးအတိုင်းကမှ
မကြိုဆို။အမေကိုပြန်သတ်တဲ့သားဆိုပြီး
တစ်လောကလုံးနဲ့အတူ ပစ်ပယ်ခဲ့ကြသည်။

ဒီလို ယုတ်ညံ့တဲ့ကောင်မျိုးနဲ
တစ်လောကထဲအတူမနေခြင်ဘူး။

ရွံတယ်။

ကိုယ့်အသားကိုယ်သနတယ်။

စတဲ့စကားသံတွေကအစ။
ဧက္ကရာဇ်မင်းစျာန်နှလုံးသားကို
အရှိုက်တည့်တည့်တိုးဝင်ခဲ့သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now