Part ( 36)

4.4K 232 4
                                    

Unicode

" လုံးဝ ဆွံအ သွားစေတာဘဲ တိမ်တိုက်
လွမ်းဆို..ဟာကနဲဟင်ကနဲကို ဖြစ်သွားဒါသိလား..
မှန်းကြည့် ကိုရွှေဗိုက်ကလေးကို လက်နဲ့ထိကြည့်ခြင်တယ် ''

" အင် ရတယ်လေ ''

လွမ်းဗိုက်လှန်ဖို့ အကျီ်ကြွယ်သီးဖြုတ်ပေးလိုက်သည်။
ဗိုက်ပေါ်ရောက်လာတဲ့ဖြူသွယ်သွယ်လက်သေးသေးလေးက
အေးစက်စက်ကလေး။

" ဟက်.. ''!

" ဘာလဲလွမ်း  စိတ်လှုပ်ရှားတာလား
အသည်းယားတာလား..လက်တွေတုန်လို့ ''

" ဟီး... နှစ်ခုလုံးဘဲ ကွ ချစ်စရာလေး ''

" ကျုပ်လည်း..ထိကြည့်ခြင်တယ်  သူကြီးသား ''

" သားစိုး..''

" ရတယ် အောင်ကြီး.. သားစိုးထိကြည့်ခြင်
ထိကြည့်လေ''

ရှုံ့မဲ့နေတဲ့အရာရှိမင်းမျက်နှာအနေအထားကြောင့်
အောင်ကြီးချစ်ရသူလေးကိုတားဖို့ကြံပေမဲ့
ခွင့်ပြုချက်တွေပေးနေတဲ့သူကြီးသားကြောင်​့
တိတ်နေလိုက်ရသည်။

သို့သော် အရာရှိမင်းဘက်ကိုတော့
တစ်ချက်တစ်ချက်ခိုးခိုးကြည့်လိုက်သေး၏။

ချစ်ရသူကို တစ်ခု့ခု့ထလုပ်ရင်ကြိုတင်ကာကွယ်
ရအောင်လို့ဖြစ်သည်။

" အဟမ့်.. ''!!

ချောင်းဟန့်သံကြောင့်အချိန်တစ်ခုကြာတဲ့အထိ
သူကြီးသားဗိုက်ပြားပြားလေးပေါ်ရောက်နေတဲ့
သားစိုးလက်တွေချက်ခြင်းရုန်းဖယ်သွားသည်။

တိမ်တိုက်လင်းညို ရုတ်တစ်ရက်ရုန်းဖယ်
သွားတဲ့လက်ကြောင့်ကြောင်အကာမော့ကြည့်
လိုက်တော့အကြောင်းအရာကိုတွေ့လိုက်ရသည်။

သူတို့ကိုစူပုတ်ကာကြည့်နေတဲ့ဦးစျာန်။

" ဦးစျာန်.. ''

" အင်.  အပုလေး..ဘာလိုလို့လည်း
ကိုယ်ဘာလုပ်ပေးရမလဲ.. ဗိုက်ဆာလို့လား
ဒါမှမဟုတ်..အပေါ်တက်နားခြင်လို့လား
ကိုယ်လိုက်ပို့ပေးမယ်.. ထ..''

သူဟာသူပြောခြင်ရာပြောထင်ခြင်ရာထင်ပြီး
လူကိုလာပွေ့ဖို့ပြင်နေတဲ့ဦးစျာန်လက်တွေကို
တိမ်တိုက်ရုန်းဖယ်လိုက်ပြီးကြည့်နေတဲ့လူတွေဘက်
တစ်ချက်ကြည့်ကာ။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now