Part ( 14 )

5.7K 287 11
                                    


Unicode

" ဒကာ အရာရှိမင်း..ဒါတော့လွန်လွန်းတယ်ကွဲ့
မောင်ထွန်းလင်းဆိုတာ..ဘုန်းဘုန်းတို့
တစ်ရွာလုံးကို သမာသမတ်ကျကျ
အုပ်ချုပ်နေတဲ့သူကြီးတစ်ယောက်..
ပြီးတော့..  အရာရှိမင်းရဲ့ ယောက္ခထီးလည်း
ဖြစ်တယ်.. အိမ်မီးရှို့တာကြီးက
ဖြစ်ကိုမဖြစ်သင့်တာ''

" ဆရာတော်ဒီလိုပြောတော့
ကျုပ်မေးပါ့ရစေ.. ကျုပ် သူကြီးအိမ်ကို
မီးရှို့တာမြင်တဲ့လူရှိရဲ့လား..
ရှိရင်သက်သေပြ..ဒါဆိုကျုပ်
လွန်တယ်ဆိုတာလက်ခံပါ့မယ်''

" ကဲ.. သူကြီး..သက်သေတဲ့ရှိရဲ့လား''?

" ဟိ​ု.. ''!

တိုင်တဲ့အခါတိုင်တတ်တယ်။သက်သေမေးမှ
ဟို.ဟိုဒီဒီလုပ်နေတဲ့ဒီလူ။သက်သေမရှိဘဲ
စွဲချက်တင်နေတာ..ဒီလူသူကြီးတစ်ယောက်
နေရာကိုအုပ်ချုပ်နိုင်ရုံနဲ့အရာရှိတစ်ယောက်
ကိုအနိုင်ယူနိုင်မယ်ထင်နေတာဘဲ။

အရေးမပါတဲ့တိုင်တောချက်တွေကြောင့်
အိမ်မှာကောင်လေးကိုပြု့စု့ဖို့အချိန်တွေ
လင့်ကုန်ပြီ။

ယောက္ခထီနဲ့ဆရာတော်ဖြစ်ပေလို့ပေါ့။
မဟုတ်ရင်.. ဒီနေရာမှာတင်
ပွဲကလှပြီ။

" ကျုပ် ကိုသက်သေပြနိုင်မှ
စွဲချက်တင်ပါ...သူကြီး..သက်သေပြနိုင်မှ
တိုင်တောတဲ့အလုပ်ကိုလုပ်ပါ
တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့သူကြီး
တစ်ယောက်ဖြစ်ပြီးကလေးမဆန် စမ်းပါနဲ့..''

" မင်းးး. ""

" အရှင်ဘုရား တပည့်တော် ကို
ခိုင်းထားတဲ့ကိစ္စ အကုန်လိုက်လုပ်ပေးနိုင်ပါတယ်
မသေခြညမရေရာတဲ့ကိစ္စတစ်ခု့ကြောင့်နဲ့
တပည့်တော်ကိုဘုန်းကြီးကျောင်း
မခေါ်ပါနဲ့.. ကျုပ်ဇနီနေမကောင်းလို့ပါ
ခွင့်ပြုပါအုန်းအရှင်ဘုရား ''

" ဘာ.. !! ငါ့သား..နေမကောင်းဘူး
မင်းငါ့သားကိုဘာလုပ်လိုက်လို့
ငါ့သားနေမကောင်းဖြစ်သွားရတာလဲ
ဟမ်.. ငါ့သားတာတစ်ခု့ခု့ဖြစ်လို့ကတော့..
မင်းအသေဘဲအရာရှိစုတ်''

" ဒကာ သူကြီး.. ''

သူကြီးစကားကြောင့်ဟန့်တားလာတဲ့
ဘုန်းဘုန်း။ ဧက္ကရာဇ်မင်းစျာန်
ဘုန်းဘုန်းအခေါ်တစ်ခု့နဲ့တိတ်သွားနဲ့
သူကြီးကိုကြည့်ပြီးတစ်ချက်မဲ့ပြုံးလိုက်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now