Part ( 8 )

5.7K 299 12
                                    

Unicode

" အစိတ်အပိုင်းအားလုံးကိုတော့
ကြိုက်တယ်..ဒါပေမဲ့ ခများဟာက
၂၀၀၀၀ ထက်ကိုပေးလို့မရတာ..ခများကိုယ်တိုင်
သိတယ်မလား''

" အရာရှိမင်းသာကြိုက်ရင်.. ၁၅၀၀၀ နဲ့ကို
အဆင်ပြေပါပြီ.. ကျုပ်..ကျုပ်သားကို
အထက်တန်းဆက်ထားပေးဖို့
ငွေလုံလောက်ရင်ကိုအဆင်ပြေနေပါပြီ''

ကျောက်ရဲ့အစိတ်အပိုင်းအားလုံးကို
နေရပ်မလပ်ကြည့်နေတဲ့ဧက္ကရာဇ်မင်းစျာန်ရဲ့
မျက်ဝန်းတွေ။အသက်၄၀ ကျော်အရွယ်
အမျိုးသားထံရောက်သွားသည်။

" ခင်များမှာ သားရှိတာလား''?

" နှစ်ယောက်ရှိတယ်ဗျ..တစ်ယောက်က
၁၀တန်း နောက်တစ်ယောက် ရှစ်တန်းဗျ
စာလည်းအရမ်းတော်ကြတယ်..''

သားတွေတော်ကြောင်းကိုဂုဏ်ယူစွာ
​ပြောနေတဲ့ထိုလူ။ပီတီအပြုံးတွေက
ဘယ်သူအပြုံးဘဲလှလှဒီဖခင်ကိုတော့
မှီမယ်မထင်။

" ခင်းများကိုကျုပ် ၃၀၀၀၀ပေးမယ်..''

" ဗျာ.''!

ဧက္ကရာဇ်မင်းစျာန်စကားကြောင့်
အမျိုးသားကြီးကြောင်အံ့သွားလေသည်။

" အရမ်းမအံ့သြပါနဲ့. ကျုပ်ခများနဲ့
အပေးအယူလုပ်မှာပါ''

" ဘာ..ဘာအပေးယူလဲဗျ..
ကျုပ်.. ကျုပ်ဘာလုပ်ပေးရမှာလဲ''

" လွယ်လွယ်လေးပါ. ခများသားတွေရဲ့
လစဥ်စာမေးပွဲရလဒ်ကျုပ်ဆီမပျက်မကွက်ပို့ပေး
ရမယ်.. ခများပြောသလိုအဆင်တွေတာ
တစ်ကယ်ကောင်းတယ်..ကျုပ်ကြေနပ်ရတယ်ဆို
သူတို့နှစ်ယောက်ရဲ့ရှေ့ရေး..ကျုပ်တာဝန်ယူမယ်''

" ဗျာ.. အ အရာရှိမင်း ''

ထိုလူ့မျက်ဝန်းမှာမျက်ရည်တွေ။
သူ့ကိုလည်းကျေးဇူ့ကြွေးတွေအများကြီး
တင်နေတဲ့လူကိုမြင်နေရသလိုကြည့်နေသည်။

" ကျုပ်..ကျုပ်..ဝမ်းသာလိုက်တာ
ကျုပ်က..ကျုပ်သားတွေကိုပညာတတ်အောင်
မထားနိုင်တော့ဘူးထင်ပြီးဝမ်းနည်းနေတာဗျ
ကျေးဇူ့တင်ပါတယ် အရာရှိမင်း''

" မလိုဘူး.. ! မင်းထက်ဇော် ပစ္စည်ယူလိုက် ''

" ဟုတ်ကဲ့ အရာရှိမင်း ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now