Part ( 11 )

5.7K 313 8
                                    

Unicode

" ကျုပ်သူငယ်ချင်းတွေကို ခများဘာလုပ်မို့လည်း''!

အထုတ်အပိုးတွေနဲ့သူငယ်ချင်းတွေကိုမြင်
တော့တိမ်တိုက်လင်းညို..နာနေတာပင်
ဘယ်နားရောက်သွားသည်မသိတော့။

ဒီလူသူ့တင်မဟုတ်ဘူး။သူ့သူငယ်ချင်းတွေပါ
အပစ်ပေးမလို့လား။

မျက်နှာငယ်လေးနဲ့သူငယ်ချင်းတွေကလည်း
ဘားမှမတတ်နိုင်ဘူးဆိုတဲ့အကြည့်မျိုးနဲ့
ကျုပ်ကိုကြည့်နေသည်။

ကျုပ်အရှေ့မှာ ပွတ်ချွမ်းလိပ်ကို
ဖွာနေတဲ့ထိုလူ။မေးတာကိုမကြားသလို
လုပ်နေသည်။

" ဒီမှာ.. ကျုပ်မေးနေတယ်တယ်
ခင်များကို.. ''!

" လင်.. ငါက..မင့်လင်..စကားကို
ဆင်ခြင်ပြောတိမ်တိုက်လင်းညို''

" မပြောနိုင်ဘူး..ခင်များတောင်
ကျုပ်ကို..အကောင်းမပြောဘဲ''

" ကျစ်.. ! အခု့တင်အရိုက်ခံထားရတာ
ကလန်ကဆန်ကလုပ်တုန်း... အမှတ်မရှိဘူးလား
တိမ်တိုက်လင်းညို''

" ကျုပ်ဖင်က.. ထုထည်ကောင်းတယ်
မမှတ်ဘူးဗျာ.. ကျုပ်သူငယ်ချင်းတွေကို
ဘာလုပ်မလို့လည်းဆိုတာဘဲဖြေ''

" သူကြီးသား.. ကျုပ်တို့အပြစ်နဲ့ကျုပ်တို့ဗျ
သူကြီးသားမသိပါဘူး''

" သားစိုးပြောတာမှန်တယ်ဗျ.. ကျုပ်တို့အပြစ်နဲ့
ကျုပ်တို့ပါဗျာ.. သူကြီးသားထပ်အရိုက်ခံဏအောင်
အရာရှိမင်းကိုအော်မနေပါနဲ့တော့..
ကျုပ်တို့က အပြစ်ဒဏ်အကြီးကြီးအပေးခံရာလည်း
မဟုတ်ပါဘူး.. ဒီအတိုင်းအရာရှိမင်းရဲ့
အလုပ်တွေကိုဦးစီးဖို့.. ရွာနဲ့ဝေးတဲ့တစ်နေရာ
ထွက်သွားရုံပါဘဲ''

" ဘာ.. ''!!

ရွာတဲ့ဝေးတဲ့နေရာထွက်သွားရမယ်။
မရဘူးလေ။သူတို့ထွက်သွားရင်ထန်းရည်
ဘယ်လိုခိုးသောက်မှာလဲ။မရဘူး။
သူတို့သွားလို့မရဘူး။

" သူတို့ကို မသွားခိုင်းပါနဲ့ ဦးဘုရင်
ကျုပ်  နောက်မဆိုးတော့ပါဘူး.
ကျုပ်သူတို့မရှိဘဲပျင်းတယ်ဗျ''

" ထန်းရည်ခိုးသောက်ဖော်မရှိတော့မှာ
စိုးနေရင်စိုးနေတယ်ပေါ့.. အပိုတွေမပြောနဲ့
တိမ်တိုက်လင်းညို.. အပြစ်လုပ်တဲ့သူဆို
မင့်သူငယ်ချင်းမပြောနဲ့မင့်အဖေသူကြီးနဲ့
မင့်အမေသူကြီးကတော်တောင်
အပြစ်ပေးခံရမှာဘဲ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now