Part (40)

4.3K 223 6
                                    

Unicode

အိမ်ရဲ့တိတ်ဆိတ်မှု့က တိမ်တိုက်လင်းညိုကို
အသားမကျစေဘူး။ပုံမှန်ဆို အိမ်မှာရှိတဲ့
အလုပ်သမားတွေဒီအချိန်အလုပ်ကိုယ်စီ
လုပ်နေကြတုန်း။

ဒီနေ့မှဘာကြောင့်တိတ်ဆိတ်နေတာလဲ။
တိမ်တိုက် အောက်ထပ်သို့
လှေကားအတိုင်းတစ်ဆင့်ခြင်း
ဆင်းလာလိုက်သည်။

လှေကားထိတ်မှာရပ်နေတဲ့တစ်စုံတစ်ယောက်
ကြောင့်တိမ်တိုက်လင်းညိုအင်္ကျီပွပွကြီး
ေအာက်ကသေနတ်ကို့မြဲမြံစွာ
ဆုတ်ကိုင်လိုက်သည်။

" ခင်များ..ဘယ်သူလဲ ''?

အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ထိုလူ။
အသက်အားဖြင့်ငါးဆယ်နီးပါးလောက်
ရှိလောက်မည်။ပါးသိုင်းမွှေးဖြူဖြူတွေနဲ့
ထိုလူကိုတိမ်တိုက်တစ်ကြိမ်တစ်ခါမှ
မမြင်ဖူးခဲ့။

ဒီလူကဒီအိမ်ကမဟုတ်တာငသေခြာသည်။
ဒါဆိုဒီအိမ်ကအလုပ်သမားတွေ
ဒီလူအိမ်ထဲဝင်တာကိုမတားကြဘူး။

တိမ်တိုက်မေးလိုက်တော့
ထိုလူကတိမ်တိုက်ကိုစူးစူးရဲရဲမော့ကြည့်
လာပြီး။

" တိမ်တိုက်လင်းညိုဆိုတာမင်းလား''?

'' ခင်းများက.. ကျုပ်ကိုဘယ်လိုသိတာလဲ
မဟုတ်မှ..ခင်များ..''?

စူးရဲတဲ့ထိုလူ့အကြည့်။ခက်ထန်တဲ့လေသံ။
ပုံပန်းသဏ္ဍာန်ကို သေခြာကြည့်မိတော့
ထိုလူဘယ်လိုလူမှန်းတိမ်တိုက်ချက်ခြင်း
သဘောပေါက်ပြီးသေနတ်ကိုဆွဲထုတ်ပြီး
ထိုလူကိုချိန်လိုက်သည်။

မထင်ထားလို့ဘဲလား.ညဏ်နီညဏ်နက်ထုတ်တာ
လားတော့မသိ။ထိုလူလက်နှစ်ချောင်းက
ခေါင်းပေါ်မြောက်လျှက်။

" ခင်များ ဘာကိစ္စနဲ့ ကျုပ်အိမ်ထဲ
ဝင်လာတာလဲ.. ကျုပ်လူတွေကို..
ခင်များဘာလုပ်လိုက်ပြီလဲ''

မေးတော့တစ်ချက်မဲ့ပြုံးပြုံးလာတဲ့ထိုလူ။
အနောက်ကိုတစ်ချက်စောင်းကြည့်လိုက်တော့
မျက်စိရှေ့ရောက်လာတဲ့လူတစ်စု။

'' ဒါ ''

" ဘုရင့် မိန်းမ ငါ့ကိုကယ်ပါ  အာ့..''!

'' စောက်ပါးစပ်ပိတ်ထား''!!

ကိုဝင်းစိုးအပါအဝင်အိမ်ကအလုပ်သမား
အားလုံးအဖမ်းခံထားရသည်။မျက်နှာမှာလည်း
သွေးစအချို့တွေနဲ့။ထု့ရိုက်ထားကြသည့်ပုံ။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now