Love piano🌸Ep.2🔞⚠️

1.8K 61 3
                                    

(Zawgyi )

တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးထဲမှာ စိတ်ရှုပ်စရာကောင်းလှတဲ့ အသံတစ်သံကြောင့် မင်းကြီး မျက်ခုံး များ တွန့်ကာ အသံလာရာဘက်ကို ကြည့်လာသည်... ကြမ်းပြင်ပေါ် လည်းကျနေတဲ့ သတို့သမီး တစ်ယောက် ကြည့်ရတာဟာ အရမ်းကို ဖရိုဖရဲ ဆန်လှသည် .. မင်းကြီး၏ စိတ်ထဲတွင်တော့ ဘယ်အိမ်တော်က အပျိုတော်က ဘာကြောင့်များ ဒီလို ရိုင်းပြနေသလဲဟု စိတ်ရှုပ်ကာ တွေးမိသည်

ခပ်သွယ်သွယ် လက်ချောင်းလေးကို တဖူးဖူး အသံမြည်တဲ့အထိ ထိုင်မှုတ်နေသည်ကာ အနားတွင် မည်သူမျှ မရှိသည့်အတိုင်း အားလုံးကို လစ်လျူရှု့ကာ နာသွားဟန်ရှိတဲ့ လက်ကိုသာ ဂရုစ်ုက်နေသည်

ခန္ဓာကိုယ်လေးဟာ သေးငယ်လှသည် မသိရင် ဆယ်နှစ်အရွယ် ကောင်မလေးလိုပါပဲ အဝေးကကြည့်တာမို့ လိုတာထက် ခန္ဓာကိုယ်လေးက ပိုမိုသေးငယ်နေသည် အနီရောင် ပုဝါအောက်က မျက်နှာဟာ ဘယ်လိုလဲ မသိရပေမယ့် အကောင်သေးသေးလေးနဲ့ သတို့သမီးကို မင်းကြီး စိတ်ဝင်စားသွားပါသည်

မင်းကြီး ရွေးချယ် လိုက်တဲ့ သတို့သမီးကလွဲလို့ တစ်ခြား သတို့သမီး များဟာ အနောက်နန်းဆောင်ကို သွားကုန်ကျသည်

ပုဝါလိုက်ကာများကြားတွင် အကောင်သေးသေးလေးနဲ့ သတို့သမီး တစ်ယောက်သာ ကျန်နေခဲ့တော့လေသည်

"အားရှုံး... ပိုင်ပိုင်ကိုလိမ်တယ်...

အနီရောင်ပုဝါပါးလေးအောက်က ကောင်လေးရုပ်ဟာ ငိုတော့မလိုဖြစ်နေသည် နှုတ်ခမ်း လေးကို မဲ့ကာ မျက်ဝန်းအိမ်လေးထဲ မျက်ရည်ကြည်လေးက တိမ်းအောင်းနေသည်.... မင်းကြီး ဟာ သူ့ကိုဘာလုပ်မလဲ မသိရတာမို့ ကြောက်နေမိတဲ့ ကောင်လေးဟာ အသားလေးတွေတောင် တုန်နေသည်

အခန်းကျယ်ကြီးထဲမှာ သူနဲ့ မင်းကြီး သာ ရှိနေတော့သည် တိတ်ဆိတ်နေတဲ့ အခန်းကြီးဟာ ချမ်းစိမ့်စိမ့် လေအေးတွေရှိနေပြီး ငြိမ်သက် နေတဲ့ အခန်းဝန်းကြီးကြောင့် ကြောက်သတဲ့ကြောက်လာသည်... မင်းကြီး ကလဲ စကားတစ်လုံးပင် ဆိုမလာတာမို့ ဘယ်ကစရမလဲ ရှောင်ပိုင် ခေါင်းရှုပ်ရတော့သည်

"ဟို...ဟို ပိုင်...မင်းကြီးကို ဘာလုပ်ပေးရမလဲဟင်... ပိုင်အကုန်လုပ်တတ်ပါတယ် အဝတ်လျှော်လည်းရတယ် ကြမ်းတတ်လဲရတယ် ဟို.. ပုရွက်ဆိတ်လေးတွေကိုလဲ စကားပြောတတ်တယ်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now