Love Piano🌸Ep.45

643 33 0
                                    

Zawgyi

မိုးများရွာနေတဲ့ ကောင်းကင်ကြီးကို ကြည့်ကာ...မှိုင်တွေနေသည့် မင်းကြီးသာ ဖြစ်ပါတယ်..

ကြင်ယာတော်ကို ဆုံးရှုံးလိုက်ရထဲက မင်းကြီးဟာ မစားမသောက်နဲ့ အချိန်ပြည့် ကျီးချူအဆောင်မှာသာ နေတတ်ပြီး ကြင်ယာတော် သုံးဆောင်နေကျ ဝတ်ရုံများ ဆံတိုးများ စတဲ့ အသေးအမွှား လေးတွေကိုကအစထိတွေ့နေရင်း ... ကြင်ယာတော်ကို လွမ်းဆွေးလို့နေသည်

ကြင်ယာတော် အိပ်သည် အိပ်ယာခင်းလေးကို လက်လေးနဲ့ ပွတ်သ-တ်ကာ ကြင်ယာတော် ကုတင်ပေါ်မှာ အိပ်နေသည့်အတိုင်း ..စကားတွေ ပြောနေတတ်သည်

ဒါတွေကို ရက်ပေါင်းများစွာ မြင်နေရတဲ့ လျိုချင်မှာမှု ဘယ်လို နှစ်သိမ့်ပေးရမလဲ ဆိုတာ တကယ်ကိုပင် မသိတော့ပါ...

"လျိုချင် မင်းသိလား ရှောင်ပိုင်ကလေ ပန်းသစ်တော်တွေကို သိမ့်ကြိုက်တာ...

မင်းကြီးဟာ နွေသို့ရောက်လာတဲ့ နေရောင်ချယ် ဖြာဖြာလေးကို မော့ကြည့်ကာ သူ့ဘေးနားက လျိုချင်ကို စကားဆိုသည်...

သစ်တော်သီးများဟာ ...လှိုက်လှဲ စွာ သီးနေကျသည် စိတ်မကောင်းစရာကတော့ ဒီနှစ်ရဲ့ သစ်တော်သီးများကို စားမည့်သူတစ်ဦးတစ်ယောက်ပင် မရှိခဲ့ပါ

ကြင်ယာတော်နဲ့ သွားနေကျ ပန်းဥယျာဉ်ကို လိုက်ကြည့်နေသည့် မင်းကြီးရယ်ပါ...

"ရှောင်ပိုင်ကလေ လူတွေနဲ့ ဝေးပြီး အရမ်းအေးချမ်းတဲ့ နေရာမှာ နေချင်တာတဲ့ .. ငါသူ့ကို ဂတိပေးထားပြီး ငါ့ဂတိကို ငါမတည်နိုင်ခဲ့ဘူး

"ရှောင်ပိုင်အတွက် စိုက်ပေးခဲ့တဲ့ နှင်းဆီပန်းလေးတွေ..အခုသူဒါတွေကို မမြင်နိုင်တော့ဘူး သူငါ့အနားမှာမရှိတော့ဘူး

"ပိုင်ရှင်မရှိတဲ့ ပန်းတွေက အသက်ရှင်နိုင်ပါ့မလား

"ငါသူ့အပြုံးတွေကို မှတ်မိတယ်..

မင်းကြီးဟာ အရင်အချိန်က အမှတ်တရတစ်ချို့ကို ပြန်လည်တွေးတောနေရင်း လက်ကောက်ဝက်က ကြိုးနီလေး နှစ်ခုထံကို မျက်စိကရောက်သွားလေသည်...

"ရှောင်ပိုင်... ကိုယ်မင်းကို အရမ်းလွမ်းတာပဲ

ပြီးတော့ ကိုယ်မင်းကို တောင်းပန်စကားတွေ ပြောချင်တယ် ...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now