Love piano🌸Ep.14

770 41 5
                                    

Zawgyi

နန်းတော်ကနေ ထွက်ခွာခဲ့တာ နှစ်လနည်းပါး ရှိခဲ့ပါပြီ ယခုချိန်တွင်တော့ နန်းတော် ပြန်သည့်လမ်းတွင်

လက်ကောက်ဝတ်က အနီရောင် ကြိုးလေးကို ကြည့်ကာ ပြုံးနေမိသော မင်းကြီးရယ်ပါ...

ဖြူစင်တဲ့ ကြင်ယာတော်ရဲ့အပြုံး ... ချိုမြတဲ့ အသံသာသာလေး ... အဲ့ဒီအကြည့် ..အဲ့ဒီအကြည့်တွေကို မလွန်ဆန်နိုင်ခဲ့ပါ .. ကြင်ယာတော်ရဲ့ အပြုအမူ သေးသေးမွှားမွှား ကိစ္စ လေးတွေကြောင့်ကစလို့ မင်းကြီးမှာ သဘောကျနေမိသည်

ယွဲ့ရိ မင်းပြုံးနေတာ ရပ်လိုက်စမ်း....

ယော်ကျားသားတစ်ယောက်ဖြစ်တဲ့ ကြင်ယာတော်အယောင်ဆောင် တစ်ယောက်ကြောင့် အကြိမ်ကြိမ် ပြုံးရယ်မိနေသည်...  ဒါကြောင့် သူ့ဟာသူ သတိကပ်စေရန် မင်းကြီး သတိပေးမိသည်

သို့သော်လဲ ကြင်ယာတော်ရဲ့ အပြုံးတွေ ကို တွေးနေမိသည်.. ချစ်စရာကောင်းတဲ့ အပြုအမှုလေးတိုင်းကို လိုက်တွေးနေမိသည်...

ချစ်ရတဲ့ သူတစ်ယောက် လိုချင်မိတာတော့ အမှန်ပင် သို့သော် ယော်ကျားလေး တစ်ယောကာကိုတော့ မချစ်ချင်ပါ...ဒါကအချစ်မဟုတ်ဘူးလို့ပဲ အကြိမ်ကြိမ် ငြင်းဆိုရမည်

ခရီးစင်တစ်လျှောက် လက်ကောက်ဝက်က အနီရောင်ကြိုးလေးကိုပဲ ကြည့်ကာ ပြုံးလိုက်ရယ်လိုက် ကြည့်ရတာ ဝမ်းသာနေပုံ ဒါပေမယ့်လဲ ဟုတ်မနေပြန်ဘူး ကြည့်ရတာ စိတ်ရှုပ်နေပုံပင်.... လျိုချင်တစ်ယောကာ ယွဲ့ရိ တကယ်ပဲ ဘာဖြစ်နေတာလဲဟု တွေးမိ သည်

သူထင်သည်ကတော့ မင်းကြီးက နန်းတော်က ကြင်ယာတော်ကို လွမ်းနေသည်လဲ ဖြစ်နိုင်သည်။

ဝေယာဉ် တစ်ခုဟာ မြို့သို့ ဝင်လာသည်... တစ်ဖြေးဖြေး နန်းတော်နဲ့ နီးကပ်လာပါပြီ မင်းကြီးဟာ သူထုစစ်ထားတဲ့ သစ်သားရုပ်ထုလေးကို ထုပ်ကြည့်ကာ... ဒီလက်ဆောင်လေး ပေးလိုက်လို့ ပျော်ရွင်သွားမယ့် ကြင်ယာတော်ရဲ့ အပြုံးတွေကို မြင်ရဖို့ စိတ်လှုပ်ရှားနေသည်.. နစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးတွေကို မြင်ခွင့်ရတဲ့ သူ့ကိုယ်သူပင် ဂုဏ်ယူမိသည်အထိ ထိုကြင်ယာတော်ရဲ့ အပြုံးတွေကို မြတ်နိုးမိပါသည်



  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now