Love piano🌸Ep.3

1.3K 47 4
                                    

🌸Zawgyi🌸
မင်းကြီးဟာ ကိစ္စ ပြီးသွားသည်နဲ့ ထွက်သွားလေသည်...ရှောင်ပိုင်ဟာ နာကြင်နေပါသော်လဲ မင်းကြီးထွက်သွားတာနဲ့ အနားရှိ စောင်များကိုကောက်ခြုံကာ သူ့ကိုယ်လုံးကို ပတ်လိုက်သည်

"ထွက်ခဲ့ ....သွားမယ်

မင်းကြီးထွက်သွားတာနဲ့ စစ်သည်တစ်ချို့ဟာ အခန်းထဲဝင်လာကာ သူ့ကိုအတင်း ဆွဲခေါ်သည် .... စစ်သည်တွေနောက်ကို စောင်ပတ်ကြီးအတိုင်း ပါသွားလေသည်...

ခေါင်းက ပုဝါဟာ ယခုအချိန်ထိပင် မချွတ်ရသေးတာမို့ ဘေးပတ်ဝန်းကျင်ကို သေချာမမြင်ရပါ

"ဘုတ်...အာ ကျွတ်ကျွတ်

အခန်းတစ်ခုအပေါက်ဝကို အပြစ်ခံရသောရှောင်ပိုင် တင်ပါးလေးနာသွားတာမို့ ညည်းညူမိသည်

"နေ နေပါအုံး ဘာ ဘာလို့ ဒီလိုနေရာမှာလဲ

"ကိုယ့်အပြစ်ကို မသိဘူးလား မင်းကြီးက ခေါင်းမဖြတ်တာနဲ့တင် ကျေးဇူးတင်သင့်တယ်

ရှောင်ပိုင်ကိုနေခိုင်းတဲ့ နေရာဟာ မြင်းများထားတဲ့ တဲပုံစံလေးနဲ့ တူနေသည် ကုတင်လဲ မရှိသလို မီးအိမ်လဲမရှိပါ ကောက်ရိုးလို ခပ်ကြမ်းကြမ်း မြက်တွေကို ခင်းထားတဲ့ ဟာလာဟင်းလင်း ကြမ်းပြင်တစ်ခုသာ ရှိပြီး ကျန်တာဘာမှမရှိပဲ အခန်းလေးက သေးငယ်လှသလို အခန်းလေးထဲလဲ ဗလာသာ ဖြစ်နေသည်

ရာသီဥတု ဟာညအချိန်တွေမှာ အေးစက်လှတာမို့ ယခုလို ဘာမှမရှိတဲ့ နေရာမှာ ရှောင်ပိုင်ဘယ်လိုလုပ်ရမလဲ မသိတော့ပါ...

သူ၏ အကိုတော်ကိုသာ တနေမိသည် ... ငယ်ငယ်လေးထဲ ခါးသီးတဲ့အရာမျိုး မကြုံဖူးတဲ့ ရှောင်ပိုင်အတွက် ဒီညဟာ သူ့အတွက် အဆုံးဝါးဆုံး ညတစ်ည ဖြစ်ခဲ့လေသည်

"အားတျဲ့...ကမှာထားတယ် အပြစ်လုပ်မိရင် အဲ့ဒီအပြစ်ရဲ့ တုန့်ပြန် ပြစ်ဒဏ် ကိုခံရမယ်တဲ့

ဒါပေမယ့် ပိုင်ပိုင်က ခြေထောက်ယားလို့ပဲ ကုတ်လိုက်တာကို.. သူ့ဘာသာချော်လည်းသွားတာကို မင်းကြီးက မညှာမတာ အပြစ်ပေးတယ်

ကလေးငယ်လေးလို အော်ငိုနေမိသည် အမှောင်ကြောက်တတ်တဲ့ ကောင်လေးဟာ မှောင်မဲနေတဲ့ အခန်းလေးထဲမှာ ဒီညဘယ်လို ရှင်သန် ရမှာလဲ .... ဒီလို အခန်းလေးဟာ ကြွက်တွေ ပိုးဟပ်တွေရဲ့ အိမ်မလို့ တွေးရင်းနဲ့ ကြောက်နေမိသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now