Love piano🌸Ep.22

657 36 8
                                    

Zawgyi

မက်မွန်းပန်းပင်ကြီးအောက်မှာ ထိုင်နေတဲ့လူတစ်ယောက် ကြည့်ရတာ ငိုနေသည့်ပုံပင် နောက်ကျောပြင်ကိုပဲ မြင်နေရပင်မယ့်..... ရှိုက်ကာငိုနေပုံ

မက်မွန်းပန်းတွေဟာ ငိုရှိုက်နေတဲ့ ထိုလူကို အဖော်ပြုနေသယောင် မြေပေါ်ကို တစ်လွှာ လွှာကြွေကျလာသည်.... ဆောင်းအငွေ့ အသက်လေးတွေက အဖြူရောင် နှင်းပွင့်လေးတွေကို ထိုလူထံ ခေါ်ဆောင်လာသည်...

မိုးပေါက်လေးတွေက ငိုကြွေနေတဲ့ ထိုလူနဲ့အတူ ငိုကြွေးပြန်သည်...ရှောင်ပိုင် ထိုလူ မည်သူလည်းဟု မျက်နှာကို ကြည့်ရန် အနားကို သွားချိန်....စက်ဝိုင်းတစ်ခုက သူ့ကို နောက်တစ်နေရာ ခေါ်သွားပြန်သည်

ဒီဘက်က လူတစ်ယောက်ကလည်း ငိုနေပုံပဲ သို့ပေ ငိုပုံငိုနည်းတော့မတူချေ ယခုလူက နက်နက်ရှိုင်းရှိုင်း ငိုကြွေးနေဟန် မျက်ဝန်းတွေထဲက နာကြင်တဲ့ မျက်ရည်ကြည်တွေ ထွက်ကျလာသည်...သို့ပေ ထိုလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါ...

ရုပ်တရက် ထိုလူက သူ့ကို ဓ-ားနဲ့ ထိုးသွင်းလိုက်သည်...

"အားးးး" ဆိုတဲ့အော်သံနဲ့အတူ ရှောင်ပိုင် အိမ်မက်ကလန့်နိုးသွားသည်... ချွေးဇောများ ပြန်နေပြီး ...အိမ်မက်ထဲမှာ အထိုးခံလိုက်ရတဲ့ ဝမ်းဗိုက်ကို လက်ဖဝါးလေးနဲ့ ဖိထားသည်

မောပန်းကာ အသက်ရှူမဝသည်မို့ အသက်ကို ပုံမှန်ဖြစ်သည်အထိရှူသွင်းသည်...ပြီးတော့မှ သူအထိုးခံလိုက်ရတဲ့ ဝမ်းဗိုက်နေရာကို ကြည့်လိုက်သည်

အိမ်မက် သက်သက်ပဲမို့ ဒဏ်ရာကတော့ ရှိမနေပါ သို့သော် ဓ-ားနဲ့အထိုးခံလိုက်ရတဲ့ ခံစားချက် ကြောက်ရွံ့ မှုက ရှိနေသည်...

ဒီလို အိမ်မက်ဆိုးတွေ ဘယ်အချိန်ထိ မက်နေရမှာလည်းဟု ရှောင်ပိုင်တစ်ယောက် မည်သူမှမရှိတဲ့ နေရာကိုကြည့်ကာ မေးမိသည်...အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့ လူတွေကရော ဘယ်သူတွေလည်း ဘာကြောင့် သူတို့ မျက်နှာတွေကို မမြင်ရတာလည်း..သူ့ကို ဘာဖြစ်စေချင်နေကျတာလည်း

(ညီလာခံ ခန်းမ)

မင်းကြီးဟာ ယခုနောက်ပိုင်း စိတ်နဲ့ကိုယ်မကပ်သလိုပါပဲ  ညီလာခံခန်းမ မှာလည်း စိတ်မပါသလို ဖြစ်နေပြီး...တိုင်းရေးပြည်ရေး တိုင်ပင်ရာမှာလည်း စိတ်နဲ့ကိုယ်မကပ်သလိုပင် ဖြစ်နေသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now