Love Piano🌸Ep.34

603 39 8
                                    

Zawgyi

"အရှင် မိစ္ဆာဘုရင်ထပ်ပေါ်လာနိုင်ပါ့မလား

"သေချာပေါက်ပေါ့ သေချာပေါက်ပြန်ပေါ်လာစေရမယ်

"ဒါပေမယ့် အဲ့ဒီကောင်လေးက

"အချိန်မရောက်သေးလို့ပါ.. မိစ္ဆာနှလုံးသားကသူနဲ့အတူရှိနေတာမိုလို့ သေချာပေါက်ပြန်လာလိမ့်မယ်..

ကျောက်တောင်ကျောက်ဆောင်များနဲ့ မှောင်မဲနေတဲ့ ကျောက်ဂူကြီး တစ်ခုအတွင်းက လူနှစ်ယောက်၏ စကားပြောဆိုသံတွေသာ ဖြစ်သည်... ပလ္လင်ပေါ်တွင်ထိုင်နေတဲ့ လူဟာ ခေါင်းတွင် ဂျိုနှစ်ခုရှိနေပြီး ခန္ဓာကိုယ်ဟာလဲ ကြီးမနေသည် လူအသွင်ရှိတဲ့ ကျွဲတစ်ကောင်လိုပါပဲ.. သူ့ဘေးရှိ လူဟာ ပုံမှန်လူတစ်ယောက်လိုပါပဲ..


ဟန်မင် ဒီနေ့တော့ တိုင်းပြည်ရှိ အိမ်တော်ကိုပြန်လာနိုင်ခဲ့ပါပြီ...

စစ်သူကြီးတစ်ယောက်ဟာ စစ်ပွဲတွေနဲ့သာအချိန်ကုန်ရသည်မို့ ဟန်မင်မှာ အိမ်တော်မှာ နေရသည်မရှိပါ...

မနိုင်မှန်းသိရက်နဲ့ စစ်ကြော်ငြာကျတဲ့တိုင်းပြည်ငယ်များကို တကယ်ပင်နားမလည်နိုင်ပါ..

ဟန်မင် မြို့ထဲဝင်တာနဲ့ နန်းတော်သို့သွားကာ မင်းကြီးကို အရင်ဆုံး တွေ့ဖြစ်ပြီး ညီတော်ရှိတဲ့အဆောင်ကို သွားရန်ပြင်သည်..

မင်းကြီးဟာ အရင်ကနဲ့ပင်မတူတော့ပါ.. စစ်ပွဲတိုင်း ပါဝင်လေ့ရှိတတ်တဲ့ မင်းကြီးဟာ ယခုချိန်မှာတော့ နန်းတော်ကပင် မခွာတော့ပါ..သူသွားစရာမလိုလောက်တဲ့ နေရာများဆိုလျှင် လျိုချင်နဲ့ဖုန်းရီကိုသာ လွတ်တတ်ပြီး စစ်ပွဲများအတွက်ကတော့ စစ်သူကြီးဟန်မင်နဲ့ ဒုစစ်သူကြီးများကိုသာ အားကိုးထားသည်..

မင်းကြီးရဲ့ နေ့ရက်တိုင်းလုပ်ဆောင်သည်ကတော့ စာပေများ ဖတ်လေ့ရှိပြီး စာများရေးနေတတ်ပြီး နေ့တိုင်းမပျက်ကွက်သည့်အရာကတော့ ..ကျီးချူအဆောင်က ကြင်ယာတော်နဲ့ အချိန်ဖြုန်းသည်သာဖြစ်သည်...

ကြင်ယာတော်နဲ့ မင်းကြီးဟာ အခုနောက်ပိုင်းဆက်ဆံရေးဟာ ပိုလို့ပင်ကောင်းမွန်လာပါပြီ.. မင်းကြီးသည်လဲ ကြင်ယာတော်အနားကပင်မခွာပါ ကြင်ယာတော်နဲ့ စားတော်များ သုံးဆောင်ပြီး ကြင်ယာတော်နဲ့သာ များပြားတဲ့ အချိန်တွေကိုဖြုန်းသည်..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now