Love piano🌸Ep.21

664 38 7
                                    

Zawgyi

"လျိုချင် ဒါကလုပ်ကြံမှုဆိုတာ သိသာလွန်းတယ်...ကြင်ယာတော်ကအပြစ်ကင်းတယ်ဆိုတာကို  မင်းကြီးသိအောင် ငါကိုယ်တိုင် ဖော်ထုတ်မယ်

"အင်း ငါလည်းမင်းနဲ့အတူပဲ လုန်သယ်... ငါလုံးဝမယုံဘူး ကြင်ယာတော်နဲ့ မင်းကြီးရဲ့ ဆက်ဆံရေးက ထင်ထားတာထက်ပိုပြီးကောင်းကျတယ် ဒါကို ကြင်ယာတော်က မင်းကြီးကို ဘာကြောင့် လုပ်ကြံမှာလဲ

"ဒါနဲ့ မင်းကြီးကရော ကြင်ယာတော်ကို တကယ်ပဲ ထင်သွားတာလား

"ငါမသိဘူး အဲ့နေ့ထဲက မင်းကြီးငြိမ်နေတာ..ကြင်ယာတော်ကိုတောင် သွားမကြည့်ဘူး

အကျဉ်းထောင်ထဲတွင်

ကျိန်ဒဏ် ပေးခံထားရတဲ့ တင်ပါးလေးတွေဟာ စုတ်ပြဲ နေသည်က ပြောစရာမလိုပါ... ဆေးလည်မထည့်ရသည်မို့ အနာလေးများက မကျက်နိုင်ပဲ မထိုင်နိုင်သည်အထိ နာကြင်သည် ဒါကြောင့်လည်း ရှောင်ပိုင်မှာ အမြဲပဲ မှောက်လျက် အိပ်နေရသည်

နာကြင်ရတဲ့ ဒဏ်ထက် အမတော်နဲ့ မင်းကြီးရဲ့ အပြုအမှုကြောင့် သူ့စိတ်ထဲတွင် အဖြေရှာမရတဲ့ ပုစ္ဆာ တစ်ခုလို တွေးနေမိသည်

အဲ့ဒီနေ့က မင်းကြီးရဲ့ မျက်ဝန်းတွေဟာ ရှောင်ပိုင်ကို ရှောင်နေသည်ဆိုတာ ပြောစရာပင်မလိုပါ....ရက်တွေ ကြာမြှင့်ပေမယ့် အခုထိ သူ့ကို လာမတွေ့ပါ...

ထိုအချိန် ခြေသံကြားလိုက်ရသည်

မင်းကြီးထင်ကာ ရှောင်ပိုင်ဟာ နာနေတဲ့ကြားက မက်တပ်ရပ်ကာ... သံတိုင်တွေကြား မျက်နှာလေး ဟက်ကာ အပြင်ကို ကြည့်သည်

သို့ပေ ထင်ထားသလို မင်းကြီးဟုတ်မနေပဲ အမတော်သာ ဖြစ်သည်... ဒါပေမယ့် ရှောင်ပိုင် ပျော်မိပါသည်...

"ရှောင်ပိုင်... အမ မင်းကို လာတွေ့တာ

"ပိုင်ပိုင် အမတော်ကို လွမ်းနေခဲ့တာ... ပြီးတော့

"ရှောင်ပိုင် အမမင်းကို တစ်ခုလောက် သတိပေး မယ်..အိမ်တော်မှာအိမ်တော်စည်းကမ်းရှိသလို နန်းတော်မှာလည်းနန်းတော်စည်းကမ်းဆိုတာရှိတယ်...အိမ်တော်မှာလို မင်းကလေးလုပ်နေလို့ မရဘူး ..ပြီးတော့ မင်းကြီးက မင်းကိုမျက်နှာသာပေးတိုင်းလည်း မင်းကြီးကိုပဲ အားမကိုးနဲ့ အိမ်တော်မှာလိုလည်း ကလေးမဆန်နဲ့....ဟိုနေ့က မင်းကြီးအပြုအမှုကို မင်းသတိထားမိတယ်မလား..မင်းကြီး အပြုအမှု တွေကအသိသာကြီး မင်းကို စိတ်ပျက်နေတယ်ဆိုတာ

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now