Love piano🌸Ep.15

775 31 6
                                    

Zawgyi

ဓ-ားတစ်လက်ကို ကိုင်ကာ ချစ်ရသူ နှလုံးသား တည့်တည့်အား ထိုးနစ်ခဲ့သူဟာ အသည်းနှလုံး ကြေကွဲသည်အထိ နာကြင်ရပါသည်... မျက်ဝန်းထဲက မျက်ရည်တွေကို အမုန်းတရားတွေက ပိတ်ပင်လို့ထားသည်

ရန်သူဖြစ်နေတဲ့ လူဟာ သူ့ရဲ့ ချစ်ရသူဖြစ်နေလေသည်...

အားလုံးကိုဖျက်စီးကာ ကောင်းကင်ဘုံကြီး ပျက်စီးသွားသည်အထိ ဖျက်စီးမည်... သူ၏ လမ်းတွင်ပိတ်ပင်နေတဲ့ ဘယ်အရာမျိုးကိုမဆို အမှုန့်ကြိတ်ပြစ်မည်

ကောင်းကင်ဘုံက မြှင့်မြတ်တဲ့ နတ်မင်းတွေကို တိုင်ခိုက်တော့ ခွင့်မလွတ်သင့်တဲ့အပြစ်သားတဲ့ ကောင်းကင်ထက်မှာ နိဗ္ဗာန် ဘုံမှာနေနေတဲ့ နတ်တွေကရော နတ်မင်းတစ်ပါးနဲ့ တူရဲ့လား

အပြစ်မယ့်တဲ့ ကလေးငယ်တွေ အပြစ်မယ့်တဲ့ လောကကြီးထဲကို တောင်မရောက်သေးပဲ မိခင်ဝင်းထဲမှာပဲ အသက်ပေးလိုက်ရတဲ့ အပြစ်မယ့်နဲ့အသက်တွေ မသန်မစွမ်း အိုကြီးအိုမတွေကို သ-တ်ဖြတ်တယ် ညှင်းပန်းနှိမ်စက်တယ်..အပြစ်မယ့်တဲ့သူတွေကို သ-တ်ဖြတ်တဲ့ နတ်မင်းတွေကျတော့ ဘာကြောင့် အခုချိန်ထိ နိဗ္ဗာန် ဘုံမှာ စီးစိန်ခံစားနေရတာလဲ

ငါတို့ မိစ္ဆာဆိုတဲ့မျိုးနွယ်တွေက ဘာအပြစ်တွေများကျူးလွန်ခဲ့မိလို့လည်း ဟမ်... ဘာအပြစ်တွေများ ကျူးလွန်ခဲ့လို့လည်း

"အားးးးး... မဟုတ်ဘူး

"ရှောင်ပိုင် ရှောင်ပိုင်....

ကုတင်ဘေးတွင် ထိုင်ကာ စောင့်နေတဲ့ မင်းကြီးမှာ ရှောင်ပိုင်ရဲ့ အော်သံကြောင့် ကုတင်ပေါ်ရှိ ရှောင်ပိုင်ကို ပြေးကြည့်မိသည်...

ကြည့်ရသည်က အိမ်မက်ဆိုးတွေမက်နေဟန် ချွေးတွေကလဲစိုလို့ပင် ယခုချိန်ထိ မျက်လုံးများ ဖွင့်မလာသေးပဲ တစ်ခုခုကို တားနေဟန် အော်နေသည်

"ရှောင်ပိုင် ရှောင်ပိုင်! ! ! ငါ့ကိုကြည့် ...

"ဟင်... မင်း မင်း

အော်ဟစ်နေတဲ့ ရှောင်ပိုင်အသံကြောင့် အပြင်တွင်စောင့်နေကျတဲ့ တော်ဝင် သမားတော်တွေမှာမှုအပြေးဝင်လာရသည်...မင်းကြီးဟာ ရှောင်ပိုင် အိမ်မက်က နိုးလာဖို့ ပုခုံးကို လှုပ်ကာ နှိုးသည်.. ဒီတော့မှ ရှောင်ပိုင် နှိုးလာသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now