Love Piano🌸Ep.39

479 27 0
                                    

Zawgyi

"လာခဲ့ အခု ငါနဲ့လိုက်ခဲ့ လူအားလုံးရှေ့မှာ နင့်ရဲ့ ဘဝမှန်ကို ဖော်ထုတ်ပြမယ်

"လွတ်စမ်း ငါ့ကို လွတ် ဘယ်လိုခေါ်သွားသလိုလည်း...

ရှောင်ပိုင်ဟာ စစ်သည် နှစ်ယောက်၏ လက်ထဲမှာ ရုန်းကုန်နေရင်း မေရွယ်ခေါ်ရာနောက်ကို ပါသွားလေသည်...

(ညီလာခံ တွင်)

"မိစ္ဆာတွေကို သိမ့်ညာဏ်များတတ်တယ် ဒါကြောင့် သတိကြီးကြီး ထားဖို့တော့ လိုအပ်တယ်...

"ဟုတ်တယ် .. မိစ္ဆာတွေက ညာဏ်နီညာဏ်နက်များတာမို့...သူတို့ လှည့်ကွက်တွေထဲ မရောက်သွားအောင် သတိထားရမယ်...

ညီလာခံခန်းမကြီးအလည်တွင် အရာရှိများ စုဝေးနေကြပြီး..လာမယ့် စစ်ပွဲကြီးအတွက် ပြင်စင်နေကျသည်...

ယခု စစ်မြေပြင်ဟာ အရင်တုန်းက စစ်ပွဲများစွာနဲ့ မတူညီတာမို့ စစ်သူကြီးရော မင်းကြီးပါ ခေါင်းခြင်းဆိုင်အောင် တိုင်ပင်နေကျရသည်...

"မင်းကြီး မင်းကြီး....

စိတ်ပျက်စရာ ကောင်းလှသည့် အသံကြောင့် မင်းကြီးမျက်ခုံးတွေဟာ တွန့်တက်လာပြီး စိတ်အလိုမကျဟန်ပါပဲ ... ခန်းမထဲ ဝင်လာတဲ့ မေရွယ်ကို ကြည့်လိုက်လေသည်...

"မင်းကြီး...  ဒီနေ့ ကျွန်မ..လူတွေအားလုံးရှေ့မှာ အမှန်တရားတစ်ခုကို ဖော်ထုတ်ပေးချင်ပါတယ်...

တိုင်းရေပြည်ရေ များနဲ့ပင်ပန်းနေရသည့် မင်းကြီးဟာ မေရွယ်၏ ကလေးဆန်သလိုတိုင်တောထူနေမှုကြောင့် စိတ်ပျက်မိရပါသည်...

"မေရွယ်...ငါကိုယ်တော်ယခုအားလပ်မနေဘူးနော်

"ခဏပါပဲ မင်းကြီး...

မေရွယ်ဟာ ထိုသို့ပြောပြီး လက်အမှုအရာပြတော့  စစ်သည်နှစ်ယောက်ဟာ ကြင်ယာတော်ကို လက်မောင်းကနေ ကိုင်ကာ ခန်းမအလည်ကို ဆွဲခေါ်လာသည်...

ဖမ်းချုပ် ခံထားရတဲ့...ကြင်ယာတော်ကို မြင်လိုက်တာနဲ့ မင်းကြီးမျက်ဝန်းတွေကဒေါသများထွက်လာသည်...

"ဘယ်သူ့အမိန့်နဲ့ ငါကိုယ်တော်ရဲ့ကြင်ယာတော်ကို ဖမ်းချုပ်ထားရတာလည်း ... မင်းတို့ လက်တွေကို မလိုချင်တော့ဘူးလား

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now